Main menu

မကွေးမြို့နယ်၌ ဆန်စပါးလုပ်ငန်းအသင်းအလုပ်အမှုဆောင်အသစ်များရွေးချယ်ပွဲကျင်းပ

Powered by Drupal

   ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးခန်းမ၌ (၂၀၂၄-၂၀၂၆) ခုနှစ်အတွက် မကွေးမြို့ နယ်ဆန်စပါးလုပ်ငန်းအသင်းအလုပ်အမှုဆောင်သစ်ရွေးချယ်ပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

 ရှေးဦးစွာ (၂၀၂၁-၂၀၂၃) ခုနှစ်တွင် မကွေးမြို့နယ်ဆန်စပါးလုပ်ငန်းအသင်းအလုပ်အမှုဆောင် (ဟောင်း)များနှုတ်ထွက်ကြောင်း အသင်းဥက္ကဋ္ဌ(ဟောင်း)ဦးညွှန့်ဝင်း (ပန်းတမာ)ဆန်ပွဲရုံမှကြေညာပြီး (၂၀၂၄-၂၀၂၆) ခုနှစ်အတွက် အလုပ်အမှုဆောင်အသစ်များအား မကွေးမြို့နယ်အတွင်းရှိ ဆန်စပါးလုပ်ငန်းရှင်များက မဲစနစ်ဖြင့်ရွေးချယ်ခဲ့ရာ အသင်းဥက္ကဋ္ဌအဖြစ် ဦးမြင့်စိုးနှင့် အလုပ်အမှုဆောင်(၁၇)ဖွဲ့စည်းခဲ့ကြောင်းသိရှိရပါသည်။

  အဆိုပါမြို့နယ်ဆန်စပါးလုပ်ငန်းအသင်း အလုပ်အမှုဆောင်သစ်ရွေးချယ်ပွဲသို့ စားသုံးသူရေးရာရာဦးစီးဌာနနမှ  အဓိကထားစိုက်ပျိုးပြီး မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် မကွေးခရိုင်ဦးစီးမှူးတို့တက်ရောက်ခဲ့ကာ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းက ယခုရွေးချယ်ထားသော အလုပ်အမှုဆောင်များထဲမှ တိုင်းဆန်စပါးလုပ်ငန်းအသင်းတွင် ဝင်ရောက်အရွေးခံမည့် ကိုယ်စားလှယ်များထပ်မံရွေးချယ်ရန်နှင့် မကွေးမြို့နယ်ဆန်စပါးလုပ်ငန်းအသင်းအလုပ်အမှုဆောင်များအနေဖြင့် အသင်းကြီးတိုးတက်ဖွံ့ဖြိုးရေး ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)