Main menu

တောင်တွင်းကြီးမြို့နယ်၊ ဂွေးကုန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေး

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးသည် (၈-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသောက်ကုန်ပစ္စည်းများ၊ တိုင်းရင်းဆေးများကို ဝယ်ယူသုံးစွဲရာတွင် ဘေးကင်းလုံခြုံစိတ်ချမှုရှိစေရေးအတွက် ဂွေးကုန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲစာသင်ခန်းမ၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးက စားသုံးသူကာကွယ်ရေးဥပ‌ဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ပုဒ်မ(၄၁)အရ ကုန်အညွှန်းအမှတ်အသားအကြောင်းသိကောင်းစရာနှင့် ပုဒ်မ (၄၃)အရ ကုန်စည်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်းနှင့် မြို့နယ်တိုင်းရင်းဆေးမှလည်း “နွယ်၊ မြက်၊ သစ်ပင်၊ ဆေးဖက်ဝင်” ဆိုသော ဆောင်ပုဒ်နှင့်အညီ တိုင်းရင်းဆေးအကြောင်းသိကောင်းစရာ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှလည်း လူငယ်ရေးရာစည်းကမ်းချက်များနှင့် ကိုယ်လက်ကြံ့ခိုင်လေ့ကျင်းခန်းများပြုလုပ်လေ့ကျင့်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)