Main menu

ပခုက္ကူမြို့၊ အမှတ်(၈)၊ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏အနီးကပ်ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦး‌ဇော်ထွန်းဦးနှင့်ဝန်ထမ်းများသည် စားသုံးသူပြည်သူများအား အခွင့်အရေးများရရှိစေရန်နှင့်ကုန်စည်နှင့်ဝန်ဆောင်မှုများအား မှန်ကန်စွာရွေးချယ်ဝယ်ယူတတ်စေရန်အတွက် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို (၆-၁၂-၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၈)၊ အခြေခံပညာမူလတန်းကျောင်းသို့သွားရောက်၍ ကျောင်းသား/ကျောင်းသူ(၉၄)ဦး၊ ဆရာ/ဆရာမ(၈)ဦးနှင့် မိဘပြည်သူ (၅)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

  ပထမဦးစွာ ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက စားသုံးသူရေးရာဦးစီးဌာန၏သမိုင်းကြောင်း၊ ဌာနဖြစ်ပေါ်လာပုံအဆင့်ဆင့်၊ ဌာန၏ဆောင်ရွက်နေသောလုပ်ငန်းဆောင်ရွက်ချက်များ၊ ယခုကဲ့သို့ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခြင်းဖြင့် စားသုံးသူ၏အခွင့်အရေးကိုသိရှိနားလည်ပြီး အပြည့်အဝတောင်းဆိုတတ်ရန် ကုန်စည်(သို့)ဝန်ဆောင်မှုများ၊ အစားအသောက်/ အသုံးအဆောင်များကို ဝယ်ယူအသုံးပြုသည့်အခါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိသည့်ကုန်ပစ္စည်းနှင့်အစားအသောက်များကို ရွေးချယ်ဝယ်ယူတတ်စေလိုကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအပေါ် အကျိုးပြုကာကွယ်ပေးနေသောဌာနဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

  ဒုတိယဦးစီးမှူး ဒေါ်မျိုးသန္တာဝင်းက စားသုံးသူရေးရာဦးစီးဌာန၏ဆောင်ပုဒ်ဖြစ်သော "စားသုံးသူအခွင့်အရေးဦးစားပေး"ဟူသည့်အတိုင်း စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များကို ဦးစားပေးရှင်းလင်းခဲ့ပြီး ပြည်သူတိုင်းသည်စားသုံးသူဖြစ်ပြီး စားသုံးသူတိုင်းတွင် စားသုံးသူအခွင့်အရေးရှိကြောင်း၊မိမိ၏အခွင့်အရေးကိုသဘောပေါက်နားလည်မှသာတောင်းဆိုနိုင်မည်ဖြစ်ကြောင်း၊ အစားအသောက်/ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုလျှင် စိတ်ကျေနပ်မှုရှိရန်လိုအပ်ကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ကြောင်း၊ သတင်းအချက်အလက်ရယူခွင့်ရှိကြောင်း၊ စိတ်ကြိုက်ရွေးချယ်နိုင်ကြောင်း၊ နစ်နာဆုံးရှုံးမှုကိုတင်ပြခွင့်၊ တိုင်ကြားခွင့်၊ ကုစားခွင့်များရှိကြောင်း၊ အသိပညာဗဟုသုတများသိရှိလေ့လာနိုင်ကြောင်း၊ ကောင်းမွန်သောပတ်ဝန်းကျင်တွင် နေထိုင်ခွင့်များပါရှိကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

     ဒုတိယဦးစီးမှူး ဦးဇော်မင်းဦးက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊  အခန်း (၁၈)၊ ပုဒ်မ- ၄၁ အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားရှိသည့် ကုန်ပစ္စည်းများကိုသာရောင်းချရန်နှင့်အသင့်စားမုန့်အမျိုးမျိုး၌ ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖော်ပြရမည့်အပြင် ထုတ်လုပ်သည့်ရက်စွဲနှင့်သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ကိုကြည့်ရှုပြီး ရွေးချယ်ဝယ်ယူစားသုံးသင့်ကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး မိမိတို့အသိပညာပေးဟောပြောဆွေးနွေးမှုများအနက် နားလည်နိုင်မှုစွမ်းရည်များကို ပြန်လည်မေးမြန်း၍ ဖြေကြားနိုင်သည့်ကျောင်းသား/ ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)