Main menu

ပခုက္ကူမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က အနီးကပ်ကြီးကြပ်၍ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအဖွဲ့သည် (၆-၁၂-၂၀၂၃)ရက်နေ့ ၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမ(၃)ဦး၊ Grade-4/ Grade-8  ကျောင်းသား/သူ(၁၂၀)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

    ဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်အေးက  ဦးစီးဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ရာတွင် စားသုံးသူ၏ရုပ်ပိုင်းဆိုင်ရာဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ ငွေကြေးပိုင်းဆိုင်ရာဖြစ်စေ နစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်းကို Power Point  ဖြင့် ဟောပြောဆွေးနွေးခဲ့ပါသည်။

   ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်တင်တင်မော်က  ဦးစီးဌာန၏ဆောင်ပုဒ်ဖြစ်သော စားသုံးသူအခွင့်အရေးဦးစားပေးရန်မှာ အလွန်အရေးကြီးသောကြောင့် ယခုလိုလာရောက်အသိပညာပေးရခြင်းဖြစ်ကြောင်း၊ အခွင့်အရေးနှင့်တာဝန်များကိုသိရှိမှသာ ရယူနိုင်ပြီး နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်မလာနိုင်ကြောင်း၊ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထိခိုက်နစ်နာမှုများရှိလာပါက တိုင်ကြားခွင့်၊ အလျော်အစားရပိုင်ခွင့်နှင့် ကုစားခွင့်များအား   ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ပါသည်။

    ၎င်းနောက် ဒုတိယဦးစီးမှူး ဒေါ်သူဇာကျော်ကလည်း စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်(၈)ချက်အား ကျောင်းသား/သူများ အလွယ်တကူနားလည်နိုင်စေရန်အတွက် နမူနာမုန့်များဖြင့်  ရှင်းလင်းပြသ၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသောစားသောက်ကုန်နှင့် သတ်မှတ်ချက်နှင့်မညီသော အစားအသောက်များအား ခွဲခြားတတ်စေရန်နှင့် စားသုံးသူရေးရာကိစ္စများကို စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (1535)အား ဖွင့်လှစ်ထားရှိကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။ ဆက်လက်၍ အသိပညာပေးဟောပြောဆွေးနွေးပွဲအပြီးတွင် ဟောပြောခဲ့သည့်အကြောင်းအရာများကို အမေးအဖြေပြုလုပ်၍ ဖြေဆိုနိုင်သူများအား အမှတ်တရဆုများပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)