Main menu

ဒီဇင်ဘာလ(ပထမပတ်)တွင်ဖြစ်ပေါ်နေသော ဆိပ်ဖြူကြက်သွန်နီဈေးနှုန်းဈေးကွက်နှင့် စီးဆင်းမှု

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ ၂၀၂၃ခုနှစ်၊ ယခုဒီဇင်ဘာလ (ပထမပတ်)တွင် ပင်စိုက်(ငွေကြက်သွန်နီ) ရာသီကုန်ဆုံးချိန်ဖြစ်၍  ကြက်သွန်နီကုန်စည်ဒိုင်သို့ ကုန်ဝင်ပိဿာချိန်လျော့နည်းသွားကြောင်း၊ (၁)ရက်လျှင် ကုန်ချိန်ပိဿာ(၁၅၀၀၀)ခန့်၊ တစ်ပတ်အတွင်း ပိဿာ (၁)သိန်းခန့်ဝင်ရောက်ကြောင်း၊ ဆိပ်ဖြူမြို့မှ ကုန်စည်စီးဆင်းမှုအနေဖြင့် ကြက်သွန်နီပိဿာ(၂)သိန်းခန့်စီးဆင်းကြောင်း ဈေးကွက်မှသိရှိရပါသည်။

 ဆိပ်ဖြူကြက်သွန်နီသည် ဈေးကွက်အနေဖြင့် ဒီဇင်ဘာလ(ပထမပတ်)အစောပိုင်းတွင်  အမြင့်ဈေးတစ်ပိဿာလျှင် ကျပ်(၂၉၃၅)၊ အနိမ့်ဈေး ကျပ်(၂၈၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အလယ်ပိုင်းတွင် အမြင့်ဈေးတစ်ပိဿာလျှင် ကျပ်(၂၉၀၀)၊ အနိမ့်ဈေးကျပ်(၂၅၀၀)၊ (ဒုတိယပတ်) နှောင်းပိုင်းတွင် အမြင့်ဈေးတစ်ပိဿာလျှင် ကျပ်(၂၉၅၀)၊ အနိမ့်ဈေးတစ်ပိဿာလျှင် ကျပ်(၂၇၀၀)ဈေးနှုန်းဖြင့် အသီးသီးဈေးနှုန်းတည်ငြိမ်နေပြီး အရောင်းအဝယ်ဖြစ်ကြောင်းသိရှိရပါသည်။ ယခင်နိုဝင်ဘာလ(စတုတ္ထပတ်) အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၃၁၀၀)ဖြစ်ပြီး ယခုဒီဇင်ဘာလ(ပထမပတ်)တွင် အမြင့်ဈေး ကျပ်(၂၉၅၀)ဖြစ်၍ ကျပ်(၁၅၀)ဈေးနှုန်းကျဆင်းလျက်ရှိပြီး အလတ်စနှင့်အသေးစတို့မှာ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်ကြောင်း ဈေးကွက်မှသိရှိရသည်။

   ယခုဒီဇင်ဘာလ(ပထမပတ်)တွင် ကုန်စည်စီးဆင်းမှုအနေဖြင့် ရန်ကုန်ဘုရင့်နောင် (ကုန်စည်ဒိုင်)သို့ ကုန်ချိန်အများဆုံးစီးဆင်းပြီး ပြည်ပဝယ်လက်နည်း၍ ပြည်ပပို့ကုန်နည်းကြောင်း၊ ဆိပ်ဖြူမြို့မှ ကြက်သွန်နီကုန်ချိန်ပိဿာ (၂)သိန်းခန့်၊ တန်ချိန်(၃၂၇)တန်ခန့်စီးဆင်းကြောင်း ဈေးကွက်မှသိရှိရပါသည်။

DOCA(မကွေး)