Main menu

နိုဝင်ဘာလအတွင်းဖြစ်ပေါ်ခဲ့သော ဆိပ်ဖြူကြက်သွန်နီဈေးနှုန်းဈေးကွက်နှင့် ကုန်စည်စီးဆင်းမှု

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကြက်သွန်နီကုန်စည်ဒိုင်၌ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (ပထမပတ်)တွင်  ကြက်သွန်နီဈေးနှုန်းတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရသည်။ ဈေးကွက်အနေဖြင့် နိုဝင်ဘာလ(ပထမပတ်)တွင် ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ကျပ် (၃၂၀၀)မှ အနိမ့်ဈေး ကျပ်(၂၇၀၀)၊ (ဒုတိယပတ်)တွင် အမြင့်ဈေး ကျပ်(၃၁၀၀)မှ အနိမ့်ဈေး ကျပ်(၂၄၀၀)ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်၍ အရောင်းအဝယ်ဖြစ်ပြီး နိုဝင်ဘာလ(တတိယပတ်)တွင် အမြင့်ဈေး ကျပ် (၂၉၂၅)မှ အနိမ့်ဈေး ကျပ်(၂၄၀၀)ဖြင့် ဈေးနှုန်းကျဆင်း၍  အရောင်းအဝယ်ဖြစ်ကြောင်း၊ နိုဝင်ဘာလ(စတုတ္ထပတ်)တွင် ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၃၁၀၀)၊ အနိမ့်ဈေး ကျပ် (၂၆၅၀)ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နိုဝင်ဘာလအတွင်း ဆိပ်ဖြူမြို့တွင်ဖြစ်ပေါ်နေသော ကြက်သွန်နီဈေးနှုန်းမှာ အတက်အကျနည်းပြီး ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၃၀၀၀) ခန့်ဖြင့် ဈေးအေးပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကုန်စည်စီးဆင်းမှုအနေဖြင့် ပြည်တွင်း ရန်ကုန်ဘုရင့်နောင်ပွဲရုံနှင့် ပြည်မြို့၊ မြဝတီမြို့မှတစ်ဆင့် ပြည်ပ ထိုင်း၊ ဗီယမ်နမ်နိုင်ငံများသို့တင်ပို့ကြောင်း ဈေးကွက်မှသိရှိရပါသည်။

 ကြက်သွန်နီကုန်စည်စီးဆင်းမှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကြက်သွန်နီပိဿာ(၁၁)သိန်း၊ မူဆယ်မြို့သို့ ပိဿာ(၂)သောင်းခန့်၊ မြဝတီမြို့သို့ ပိဿာ(၆)သိန်းခန့်၊ မော်လမြိုင်မြို့သို့ ပိဿာ(၁) သိန်းခန့်၊ ပြည်မြို့သို့ ပိဿာ(၁)သိန်းခွဲခန့်၊ စုစုပေါင်းကြက်သွန်နီပိဿာ (၂၀)သိန်းခန့်၊ တန်ချိန် (၃၂၆၆)တန်ခန့် စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှသိရှိရပါသည်။

DOCA(မကွေး)