Main menu

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးနိုင်မှုအခြေအနေ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကမာရွတ်မြို့နယ်အတွင်းရှိ ဂမုန်းပွင့်စင်တာတွင် အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ရာ စားသုံးသူကာကွယ်ရေးဥပဒေများနှင့်အညီ စားသောက်ကုန်များတွင်ပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများပါဝင်မှုရှိ/မရှိစစ်ဆေးခဲ့ပါသည်။ ထို့နောက် ဦးတင့်ဝေ(ဒု-ကြီးကြပ်ရေးမှူး) ခေါင်းဆောင်သောအဖွဲ့သည် အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော မရမ်းကုန်းမြို့နယ်၊ အ-လ-က (၃) နှင့် ဗဟန်းမြို့နယ်၊ အ-မ-က (၁၀) တို့တွင် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသောက်ကုန်များနှင့်ပတ်သက်၍ စားသုံးသူများလိုက်နာရမည့်အချက်များကိုသိရှိနားလည်စေရန် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)