
မြန်မာနိုင်ငံတွင် ပဲတီစိမ်းကို အထက်မြန်မာပြည်၊ အောက်မြန်မာပြည် ဒေသနှစ်ခုလုံးတွင် စိုက်ပျိုးလျက်ရှိပြီး မြန်မာ့ပဲတီစိမ်းကို ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် နှစ်စဉ် တင်ပို့ရောင်းချလျက်ရှိရာ နယ်သာလန်၊ အိုင်ယာလန်၊ အင်္ဂလန်၊ ဂျာမနီနိုင်ငံတို့က အများဆုံးဝယ်ယူကြပါသည်။
မြန်မာ့ပဲတီစိမ်းကို ဥရောပသမဂ္ဂနိုင်ငံများသို့ (၂၀၁၄-၂၀၁၅) ခုနှစ်မှစတင်တင်ပို့ရောင်းချခဲ့ပြီး EU မှသတ်မှတ်ထားသည့် အရည်အသွေးစံချိန်စံညွှန်းအညီ တင်ပို့ ရောင်းချလျက်ရှိရာ ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် နှစ်အလိုက် ပဲတီစိမ်းတင်ပို့နိုင်မှုအခြေအနေအား အောက်ဖော်ပြပါအတိုင်းတွေ့ရှိရပြီး လက်ရှိနှစ်တွင်လည်း ပဲတီစိမ်းတင်ပို့လိုသည့် အဆိုပြုကုမ္ပဏီများဖိတ်ခေါပြီး EU သို့တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်-
( တန်)
၂၀၁၅ ခုနှစ် ဇန်နဝါရီ-ဒီဇင်ဘာ |
၂၀၁၆ ခုနှစ် ဇန်နဝါရီ-ဒီဇင်ဘာ |
၂၀၁၇ ခုနှစ် ဇန်နဝါရီ-၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ |
၂၀၁၈ ခုနှစ် မတ်လ-၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ |
၂၀၁၉ ခုနှစ် မတ်လ-၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ |
၂၀၂၀ ခုနှစ် မတ်လ-၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ |
၂၀၂၁ ခုနှစ် မတ်လ-၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ |
၂၀၂၂ ခုနှစ် မတ်လ-၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ |
၂၀၂၃ ခုနှစ် မတ်လ-နိုဝင်ဘာ |
၇၀၅၅.၂၅၀ |
၇၁၆၃.၃၇၅ |
၁၁၁၆၀.၀၇၅ |
၈၁၅၇.၂၅၀ |
၈၀၀၁.၆၂၅ |
၅၀၅၃.၇၅၀ |
၉၆၇၅.၂၅၀ |
၈၅၇၈.၁၂၅ |
၈၄၇၂.၀၂၅ |
DOCA(ရန်ကုန်)