Main menu

ညောင်နှစ်ပင်ဥယျာဉ်ခြံအတွင်း ဟင်းသီးဟင်းရွက်များစိုက်ပျိုးထားရှိမှုအခြေအနေ

Powered by Drupal

   ညောင်နှစ်ပင်ဥယျာဉ်ခြံသို့ မှော်ဘီမြို့နယ်မှ ဒေါ်ဖြူဖြူမြင့်၊ ဒု-ကြီးကြပ်ရေးမှူးတို့သည် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားရှိမှုအခြေအနေကို သွားရောက်လေ့လာခဲ့ရာ (၂၀၂၃-၂၀၂၄) ခုနှစ်တွင် စိုက်ပျိုးသီးနှံများမှာ မုန့်ညင်းဖြူ၊ မုန့်ညင်းစိမ်း၊ ယုဆိုင်၊ ထိုင်ဝမ်မုန့်ညှင်း၊ ကိုက်လန်၊ ကန်စွန်း၊ ချဉ်ပေါင်၊ ကွိဆိုင်၊ ဂွေးတောက်၊ သခွါး၊ ဘူးသီး၊ ကင်ပွန်းချဉ်တို့ကို အဓိကစိုက်ပျိုးထားပြီး စိုက်ပျိုးရေးဉီးစီးဌာန၊ ညောင်နှစ်ပင်ဉယျာဉ်ခြံ၌ စိုက်ဧက (၁၈၀) ဧကရှိပြီး ယခုအချိန်တွင် သီးနှံများကို ဧက (၁၀၀) စိုက်ပျိုးထားရှိပါသည်။ စိုက်ပျိုးရရှိသောသီးနှံများကို စည်ပင်သာယာဈေး (၄၀) ကျော်၊ တညင်းကုန်းဈေး၊ ထောက်ကြန့်ရတနာကုန်စိမ်းဈေးများသို့ ရောင်းချလျက်ရှိကြောင်းနှင့် စိုက်ပျိုးရေးဉီးစီးဌာနမှလည်း မျိုးကောင်း၊ မျိုးသန့်များကို ရွေးချယ်စိုက်ပျိုးမှုအခြေအနေအား လေ့လာသိရှိခဲ့ရပါသည်။

DOCA(ရန်ကုန်)