Main menu

ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အစီအစဉ်ဖြင့် စားအုန်းဆီများဆက်လက်ရောင်းချပေး

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏အစီအစဉ်ဖြင့် ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးတင့်ထူးနှင့် မစဖ အဖွဲ့ဝင်များ ၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးစိုးထိုက်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင် တို့ပူးပေါင်းကာ (၆.၁၂.၂၀၂၃)၊ (၈.၁၂.၂၀၂၃) နှင့် (၁၂.၁၂.၂၀၂၃) ရက်နေ့များတွင် နံနက်(၀၇:၀၀)နာရီအချိန်မှ (၀၈:၃၀) အချိန်ထိ  ပိတောက်မြိုင်ရပ်ကွက်၊ ပိတောက်မြိုင်ဈေးနှင့်  သစ်ရာမြိုင်ရပ်ကွက်၊ သစ်ရာမြိုင်ဈေး၊ ပျဉ်းမမြိုင်ရပ်ကွက် ၊ ပျဉ်းမမြိုင်ဈေးတို့တွင် စားအုန်းဆီများကို စားသုံးသူပြည်သူများ လက်ဝယ်အရောက် သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချ ပေးခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါစားအုံးဆီများရောင်းချရာတွင် စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် စားအုံးဆီ များဝယ်ယူရရှိစေရန်နှင့် စားဝတ်နေရေးအဆင်ပြေစေရန်အတွက် စားအုန်းဆီ (၁)ပိသာလျှင် (၅၄၀၀)ကျပ် နှုန်း၊ အိမ်ထောင်စု (၁)စုလျှင် စားအုန်းဆီ (၅၀)ကျပ်သားနှုန်းဖြင့် အိမ်ထောင်စု(၉၀၀) ၊ လူဦးရေ(၉၀၀)ဦးတို့အား စားအုန်းဆီ(၄၅၀)ပိသာရောင်းချပေးခဲ့ကြောင်း၊ စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော စားအုန်းဆီ တစ်ပိသာရည်ညွှန်းဈေးဖြင့် ရရှိသည့်အပေါ် မူတည်၍ ဆက်လက်ရောင်းချပေးနိုင်ရေးအတွက် ကန့်ဘလူခရိုင်ဆီကုန်သည်များနှင့် ပူးပေါင်းစီမံဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌမှ ပြောကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)