Main menu

ဘားအံမြို့တွင် ပဲပြားစျေးနှုန်း အနည်းငယ်မြင့်တက်

Powered by Drupal

ဘားအံ၊ ဒီဇင်ဘာလ ၁၅

        ပဲပြားသည် အခြေခံလူတန်းစားများ ကြိုက်နှစ်သက်၍ ကျန်းမာရေးနှင့်ညီညွတ်ပြီး ပရိုတင်းဓာတ် ကြွယ်ဝသော အစားအစာတစ်မျိုးဖြစ်သည်။ ပဲပြားကို သားသက်လွတ်စားသုံးသူများအတွက် အဓိက ထား၍ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည်။  ပဲပြားကို အအေးဓာတ်ကြောင့် ရင်ကြပ်ရောဂါရှိသူများ သားသက်လွတ် စားသုံးသူများအနေဖြင့် ပဲပြားအစာသိပ်လုပ်စားခြင်း၊ ပဲပြားတုတ်ထိုးလုပ်စားခြင်း၊ ပဲပင် ပေါက်နှင့်ကြော်စားခြင်း၊ ခရမ်းချဉ်သီးနှင့်ချက်စားခြင်း၊ အုန်းနို့နှင့်ချက်စားခြင်း၊ ပဲပြားသုပ်လုပ်စားခြင်း စသည့်ဖြင့် အမျိုးမျိုးပြုလုပ်၍ စားသုံးကြပါသည်။

          ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ရေပေါ်ဈေးတွင် ယခင်ပဲပြားများကို တစ်ပြားလျှင်- ၁၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပြီး နိုဝင်ဘာလ လကုန်ပိုင်းမှစ၍  ပဲပြားတစ်ပြားလျှင်- ၁၅၀ ကျပ်၊ သုံးပြားလျှင်- ၅၀၀ ကျပ် နှုန်းဖြင့် ရောင်းချနေပြီး ပဲပြားဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)