Main menu

“ကျောက်ဆည်ခရိုင်ဒေသထွက်ရာသီပေါ်ပဲမြစ်”

Powered by Drupal

    ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးလက်ဒေသများတွင် ရာသီချိန်သီးနှံအဖြစ် ပဲမြစ်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိရာ ကျေးရွာများရှိတောင်သူများသည် ပဲမြစ်ကို နှစ်စဉ် စဉ်ဆက်မပြတ် စိုက်ပျိုးလာကြကြောင်း တွေ့ရှိရပါသည်။ ကျောက်ဆည်ခရိုင်မှ စိုက်ပျိုးထွက်ရှိလာသော ပဲမြစ်များ သည် အခြားဒေသမှထွက်ရှိသော ပဲမြစ်များထက် အရွယ်အစားသေးငယ်ပြီး အရသာမှာစိမ့်ပြီး စေးပိုင်နေသောကြောင့် ဆောင်းရာသီ ပဲမြစ်ပေါ်ချိန်တွင်  ကျောက်ဆည်ခရိုင်အတွင်းရှိ ဒေသထွက် ပဲမြစ်များမှာ လူသိထင်ရှားပြီး စားသုံးသူများအဝယ်များပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ထွက်ရှိလာသောပဲမြစ်များကို ရန်ကုန်၊မန္တလေး၊နေပြည်တော်နှင့် အနယ်နယ်အရပ်ရပ်ရှိမြို့ကြီးများသို့ ရောင်းချလျက်ရှိပါသည်။ ပဲမြစ်ကိုစိုက်ပျိုးရာ၌ စနယ်မြေအမျိုးအစားမြေပေါ်တွင် အဓိကစိုက်ပျိုးလျက်ရှိပြီး တောင်သူအများစုမှာနှစ်စဉ် ဇွန် ၊ ဇူလိုင်လများတွင်စိုက်ပျိုး၍ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် တူးဖော်ရောင်းချလျက်ရှိပါသည် ။ စိုက်ပျိုးရာတွင် ဘောင်များပြုလုပ်၍ အစေ့ချစိုက်ပျိုးပြီး မျိုးအနေဖြင့်(၁)ဧကလျှင် နှစ်တင်းခွဲနှုန်းကုန်ကြကြောင်း၊ ပဲမြစ်မျိူးကိုမလှိုင်မျိုး နှင့်ဝက်ဝံမျိုးများကို အများဆုံးစိုက်ပျိုးပြီး တစ်တင်းလျှင်(၂၅၀၀၀၀/)ကျပ်ရှိကြောင်း ၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် (၁၅၀၀၀၀၀)ကျပ်ဝန်းကျင်ခန့် ကုန်ကျကြောင်း ၊ အထွက်နှုန်းအနေဖြင့် တစ်ဧကပျမ်းမျှပိဿာ(၈၀၀-၉၀၀)ပိဿာခန့်ထွက်ရှိကြောင်းသိရှိရပါသည်။ ပဲမြစ်ဈေးနှုန်းအနေဖြင့် စတင်ပေါ်ချိန်တွင် တစ်ပိဿာလျှင်(၆၀၀၀-၅၅၀၀)ကျပ်ရှိပြီး ယခုအချိန် ပဲမြစ်များလှိုင်လှိုင်ပေါ်ချိန် တွင်တစ်ပိဿာလျှင်(၃၀၀၀-၃၅၀၀) ကျပ်​ဈေးနှုန်းများဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း၊ တစ်ဧက အကျိုးအမြတ်အနေဖြင့် (၈၅၀၀၀၀-၉၀၀၀၀၀)ကျပ်ဝန်းကျင်ခန့်ရရှိကြောင်း ပဲမြစ်စိုက်ပျိုးသူ တောင်သူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)