Main menu

ပေါက်မြို့နယ်၏ မိုးစပါးရိတ်သိမ်းပြီးစီးမှုအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင်  မိုးစပါးစိုက်ပျိုးဧက (၁၂၀၀၀) ဧကကျော်ရှိပြီး မိုးစပါးစတင်စိုက်ပျိုးချိန်မှာ ပထမဝါဆိုလဆန်း(၁၀) ရက်နေ့တွင် ပျိုးထောင်၍  ဒုတိယဝါဆိုလပြည့်ကျော် (၅)ရက်နေ့တွင် (၄၅)ရက်ပြည့်ပြီး စပါးများကို စတင်စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးသည့်စပါးမျိုးများမှာ ဧရာပဒေသာ၊ မနောသုခ၊ ဆင်းသုခမျိုးများဖြစ်ပြီး စပါးပင်များကို စတင်စိုက်ပျိုးရာတွင် တစ်ဧကလျှင် ကောက်စိုက်သူအမျိုးသမီး(၈)ဦးဖြင့် စိုက်ပျိုးကြကြောင်း၊ လုပ်သားခအနေဖြင့် တစ်ဦးလျှင် ကျပ်(၁၀၀၀၀)ပေးရကြောင်း၊ စတင်စိုက်ပျိုးသည့်နေ့ရက်မှစ၍  အသုံးပြုသောမြေဆီမှာ  ပုလဲမြေဩဇာဖြစ်ပြီး ပုလဲမြေဆီမှာ ဝယ်ယူရာတွင် အခက်အခဲများရှိသောကြောင့် နွားချေးကိုသာအသုံးပြုကြောင်း၊  တစ်ဧကလျှင်ာ (၁) တင်းခွဲခန့်စိုက်ပျိုးကြောင်း၊ မနောသုခကို ရက်ပေါင်း (၁၄၀) ပြည့်မှသာ စတင်ရိတ်သိမ်းကြပြီး ဆင်းသုခကိုမူ ရက်ပေါင်း (၁၂၀) ပြည့်မှသာ ရိတ်သိမ်းကြကြောင်း ပေါက်မြို့နယ်ရှိ စပါးစိုက်တောင်သူထံမှသိရှိရပါသည်။

    ယခုအခါတွင် ပေါက်မြို့နယ်တွင် မိုးစပါးများစတင်ရိတ်သိမ်းနေကြကြောင်း၊ တစ်ဧကလျှင် အထွက်နှုန်းမှာ တင်း(၈၀)မှ တင်း(၉၀)အထိထွက်ရှိကြောင်း၊ တစ်ဧကလျှင် ကုန်ကျစရိတ်မှာ (၁၀)သိန်း‌ကျော်ကုန်ကျကြောင်း၊ ကုန်ကျစရိတ်မှာလည်း နယ်မြေဒေသကိုလိုက်၍ ကွဲပြားခြားနားမှုရှိပြီး စပါးတစ်တင်းရောင်းချမှုဈေးနှုန်းမှာလည်း မတူညီကြကြောင်း၊ မြို့ပေါ်အနေဖြင့် စပါးတစ်တင်းလျှင် ကျပ်(၃၀၀၀၀)ခန့်ရှိသော်လည်း တချို့နေရာဒေသများတွင် ကျပ်(၂၀၀၀၀)ခန့်ရှိပြီး မိုးစပါးသီးနှံစိုက်ပျိုးတောင်သူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်ရရှိကြောင်း စပါးစိုက်တောင်သူများထံမှသိရှိရပါသည်။

DOCA(မကွေး)