Main menu

ရာသီစာ ထန်းမြစ် (ခေါ်) ထန်းပင်ပေါက်

Powered by Drupal

    ပြည်ခရိုင်အတွင်းရှိ ဈေးများတွင် ထန်းမြစ်ခေါ် ထန်းပင်ပေါက်များရောင်းချနေသည်ကို တွေ့ရပါသည်။ ထန်းမြစ်(ခ) ထန်းပင်ပေါက်များသည် ယခုလို ဆောင်းရာသီကာလတွင် ရရှိသောရာသီစာ အစားအစာတစ်မျိုးဖြစ်ပြီး ယခင်မိုးတွင်းကာလ ထန်းသီးပေါ်ချိန်၌ ထန်းသီးမှည့်များကို စုပုံပြီး မြေကြီးနှင့်ဖွဲပြာများရောနှော၍ ကျင်းတစ်ခုထဲတွင် မြုပ်ထားခြင်းကြောင့် ယခုလို ဆောင်းရာသီအချိန်တွင် စတင်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ ထန်းမြစ် (ခ) ထန်းပင်ပေါက်များ စတင်ထွက်ရှိချိန်တွင် (၁၅)ချောင်းပါ အစည်းတစ်စည်းလျှင် (၂၅၀၀)ကျပ်မှ (၃၀၀၀)ကျပ်အတွင်း ရောင်းချကြပြီး ယခုအခါတွင်တော့ (၁၅)ချောင်းပါ တစ်စည်းလျှင် (၁၅၀၀)ကျပ်မှ (၂၀၀၀)ကျပ်အတွင်း ရောင်းချနေသည်ကို တွေ့ရကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)