Main menu

ပြည်ဒေသ၏ ကျောက်ဖရုံသီး ဈေးကွက်

Powered by Drupal

   ပြည်ဈေးကွက်တွင် ကျောက်ဖရုံသီးများအရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပြည်ဒေသအနီးတဝိုက်ရှိ ကျေးရွာများ၊ သဲကုန်းမြို့နယ်ရှိ ပုတီးကုန်း၊ ဝက်ပုတ်နှင့် ရွှေတောင်မြို့ရှိ ကျေးရွာများမှ တင်ပို့ရောင်းချလျက်ရှိပါသည်။ ရန်ကုန်မြို့ရှိ ဒညင်းကုန်းဈေးနှင့် သီရိမင်္ဂလာဈေးများသို့ အခြား ကုန်စိမ်းများနှင့်အတူတင်ပို့ရောင်းချကြကြောင်း သိရပါသည်။ ကျောက်ဖရုံသီးဈေးမှာ ပေါ်ကာစအချိန်တွင် အလုံးကြီးတစ်လုံးလျှင် ၂၀၀၀ ကျပ်နှင့် အလုံးသေးတစ်လုံးလျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချပြီး ယခုလှိုင်လှိုင်ပေါ်ချိန်တွင် ကျောက်ဖရုံသီးတစ်လုံးလျှင် ၆၀၀-၇၀၀ ကျပ်နှင့် အလုံးသေး တစ်လုံးလျှင် ၄၀၀-၅၀၀ ကျပ်ခန့်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)