Main menu

ပြည်မတ်ပဲသစ်များ ဈေးကွက်သို့ ဝင်ရောက်မှုရှိလာ

Powered by Drupal

    ယခုဒီဇင်ဘာလ ဆန်းပိုင်းတွင် ပြည်ပဲဈေးကွက်သို့ မတ်ပဲသစ်အချို့ ဝင်ရောက်မှုရှိလာ ခဲ့ပါသည်။ တစ်ရက်လျှင် ပိဿာ၂၀ ဝင် အိတ်၅၀/၁၀၀ကျော် ဝင်ရောက်လာပြီး ပြည်အနီးတဝိုက် ဒေသများမှ ဝင်ရောက်ခြင်းဖြစ်ပါသည်။ ပဲသစ်အဝင်ရှိလာသလို လက်ကျန်ပဲများလည်း ရှိကြသည့်အတွက် နေ့စဉ်ရောင်းဝယ်မှုဖြစ်လျက်ရှိပါသည်။ ရန်ကုန်လိုင်းသမား အဓိကဝယ်ယူသလို မျိုးပဲဝယ်ယူမှုများလည်းရှိကြသည်ဟု သိရပါသည်။ ပဲဈေးမှာ တစ်တင်းလျှင် ၉၃၅၀၀ကျပ်ဖြင့် ဈေးအနည်းငယ် ပြန်လျော့သွားသော်လည်း ပဲဟောင်း၊ ပဲသစ်(၂)မျိုး ဝယ်လက်ရှိသည့်အတွက်နေ့စဉ် ရောင်းဝယ်မှုရှိနေခဲ့ကြောင်း သိရပါသည်။ ယခင်နှစ်က ယခုလိုကာလပဲဈေးမှာ တစ်တင်း ၆သောင်းကျော်သာ ရရှိခဲ့သည့်အတွက် ယခုနှစ်မှာတော့ မတ်ပဲသီးနှံဈေး သိသိသာသာမြင့်တက်လာခဲ့သော်လည်း တောင်သူအချို့လက်ဝယ် လှောင်ပဲများမရှိတော့ဘဲ မျိုးပဲလောက်သာရှိကြပြီး လှောင်ပဲ လက်ကျန်ရှိသူများကတော့ အကျိုးအမြတ်ရရှိခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)