Main menu

ပြည်ခရိုင်၌ မိုးစပါးဈေးနှုန်းများမြင့်တက်

Powered by Drupal

    ပြည်ခရိုင်အတွင်းရှိ မြို့နယ်များတွင် မိုးစပါးသစ်များလှိုင်လှိုင်ပေါ်နေပြီဖြစ်ရာ ပြည်မြို့နယ်၌ မိုးစပါးစိုက်ဧက(၇၄၆၄၂)ဧကစိုက်ပျိုးပြီး ရိတ်ဧကမှာ (၆၀၇၆၂)ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် (၄၆၇၅၇)ဧကစိုက်ပျိုးပြီး ရိတ်သိမ်းဧကမှာ (၃၈၆၆၃)ဧက၊ ပန်းတောင်းမြို့နယ်တွင် (၃၆၉၃၅)ဧကစိုက်ပျိုးပြီး (၄၃၈၆၇)ဧက၊ ရွှေတောင်မြို့နယ်တွင် (၅၈၁၆၃)ဧကစိုက်ပျိုးပြီး ရိတ်သိမ်းဧကမှာ (၄၈၂၅၆) ဧကဖြစ်ပါသည်။ အထွက်နှုန်းအနေဖြင့် (၈၉)တင်းခန့်ထွက်ရှိပါသည်။

     ကရင်မစပါး(၄၆)ပေါင် တင်း(၁၀၀)လျှင် ယခင်အပတ်တွင် (၄၆)ပေါင်ပါ တင်း(၁၀၀)လျှင် (၁၆၄၀၀၀၀)ကျပ်ရှိခဲ့ပြီး ယခု၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်တွင် (၁၇၀၀၀၀၀)ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပါသည်။ ကရင်မဆန်တစ်အိတ်လျှင် ယခင်အပတ်တွင် (၆၀၀၀၀)ကျပ်မှ ယခုအပတ်တွင် (၆၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိပါသည်။ မှော်ဘီစပါးဈေးမှာ ယခင်တွင် (၁၇၀၀၀၀၀)ကျပ်၊ ယခုဒီဇင်ဘာလ ဒုတိယပတ်တွင် (၁၈၀၀၀၀၀)ကျပ်ထိဈေးမြင့်ခဲ့ပါသည်။ မှော်ဘီဆန်တစ်အိတ်လျှင် ယခင်တွင် (၆၅၀၀၀)ကျပ် ယခုအပတ်တွင် (၆၈၀၀၀)ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပါသည်။ ယခုရက်ပိုင်းအတွင်း စပါး၊ ဆန်ဈေးမြင့်တက်ရခြင်းမှာ သယ်ယူပို့ဆောင်ခဈေးမြင့်ခြင်းနှင့် စပါးရိတ်သိမ်းခများမှာ ယခင်တွင် တစ်ဧကလျှင် (၁၀၀၀၀၀)ကျပ်၊ ယခုတွင် တစ်ဧကလျှင် (၁၄၀၀၀၀)ကျပ်ဖြစ်၍ ဈေးနှုန်းမြင့်တက်ခဲ့ခြင်းတို့ကြောင့် စပါးဈေးဆန်ဈေးများမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)