Main menu

တောင်ငူမြို့တွင် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အာလူးဈေးနှုန်းများမြင့်တက်

Powered by Drupal

     တောင်ငူမြို့တွင် ယခု၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ တစ်ပိဿာလျှင် ၅၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

      ကြက်သွန်နီတစ်ပိဿာလျှင် အသေး ၃၅၀၀ကျပ်၊ အလတ် ၄၀၀၀ကျပ်၊ အကြီး ၄၅၀၀ကျပ်နှင့် တရုတ်ကြက်သွန်နီတစ်ပိဿာလျှင် ၄၅၀၀ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် အသေး ၁၁၀၀၀ကျပ်၊ အလတ် ၁၂၅၀၀ကျပ်၊ အကြီး ၁၃၅၀၀ကျပ်၊ ၁၅၀၀၀ကျပ်၊ အာလူးတစ်ပိဿာလျှင် အသေး ၂၈၀၀ကျပ်၊ အလတ် ၃၂၀၀ကျပ်၊ အကြီး ၃၈၀၀ကျပ်၊ တရုတ်အာလူးတစ်ပိဿာလျှင် ၃၈၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပါသည်။

      ငရုတ်သီးခြောက် အပု/အရှည်မှာ တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်အထိ၊ ငရုတ်သီးခြောက်အပွမှာ တစ်ပိဿာလျှင် ၂၃၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်၊ မြေပဲဆံ(အဖြူ)မှာ တစ်ပိဿာလျှင် ၆၇၀၀ကျပ်၊ မြေပဲဆံ(အနီ)မှာ တစ်ပိဿာလျှင် ၇၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပြီး ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၆၂၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရပါသည်။

DOCA(ပဲခူး)