ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ မြို့မဈေးကြီးအတွင်း နေ့စဉ်ရောင်းချလျက်ရှိသော ကြက်ဥနှင့်ဘဲဥဈေးနှုန်းများမှာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း၌ ကြက်ဥအကြီးတစ်လုံးလျှင် ၂၆၀ကျပ်၊ ကြက်ဥအလတ်တစ်လုံးလျှင် ၂၅၀ကျပ်၊ ကြက်ဥအသေးတစ်လုံးလျှင် ၂၂၀ကျပ်ဈေနှုန်တို့းဖြင့် အသီးသီးရောင်းချလျက်ရှိရာ ယခုဒီဇင်ဘာလ ဒုတိယပတ်၌ ကြက်ဥအကြီးတစ်လုံးလျှင် ၂၅၀ကျပ်၊ ကြက်ဥအလတ်တစ်လုံးလျှင် ၂၂၀ကျပ်၊ ကြက်ဥအသေးတစ်လုံးလျှင် ၂၀၀ကျပ်ဈေးနှုန်းရှိနေသဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။
ဘဲဥဈေးနှုန်းအနေဖြင့်လည်း နိုဝင်ဘာလ ဒုတိယပတ်၌ ဘဲဥအကြီးတစ်လုံးလျှင် ၃၇၀ကျပ်၊ ဘဲဥအလတ်တစ်လုံးလျှင် ၃၅၀ကျပ်၊ ဘဲဥအသေးတစ်လုံးလျှင် ၃၂၀ကျပ်ဈေးနှုန်းအသီးသီးတို့ဖြင့်ရောင်းချလျက်ရှိပြီး ဒီဇင်ဘာလ ဒုတိယပတ်၌ ဘဲဥအကြီးတစ်လုံးလျှင် ၃၅၀ကျပ်၊ ဘဲဥအလတ်တစ်လုံးလျှင် ၃၂၀ကျပ်၊ ဘဲဥအသေးတစ်လုံးလျှင် ၃၀၀ကျပ်ဈေးနှုန်းတို့ဖြင့် အသီးသီးရောင်းချလျက်ရှိရာ ဘဲဥဈေးနှုန်းများလည်းအနည်းငယ်ကျဆင်းသွားကြောင်း ဈေးကွက်အတွင်းမှသိရှိရပါသည်။
DOCA(ပဲခူး)