Main menu

“အခြေခံစားသောက်ကုန်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချလျက်ရှိ”

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌(၁၈-၁၂-၂၀၂၃)ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်၊စည်ပင်သာယာရေးအဖွဲ့မှဦးဆောင်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့်ပူးပေါင်းပြီး အခြေခံစားသောက်ကုန်များအား သက်သာသောစျေးနှုန်း များဖြင့်ရောင်းချပေးခဲ့ပါသည် ။ ထိုသို့ရောင်းချရာတွင် ဆန်(၁)ပြည် ၃၀၀ဝိ/-ကျပ် ၊ ဆီ(၅၀) ကျပ်သားဘူးခွံပါ (၁)ဘူး ၂၈၀ဝိ/- ကျပ် ၊ ဝက်သား (၁)ပိဿာ ၁၅၀၀ဝိ/- ကျပ် ၊ အမဲသား (၁)ပိဿာ ၁၂၀၀ဝိ/- ကျပ် ၊ ဆိတ်သား (၁)ပိဿာ ၂၀၀၀ဝိ/-ကျပ် ၊ ငါး(၁)ပိဿာ ၆၀၀ဝိ/-ကျပ် ၊ ကြက်သား (၁)ပိဿာ  ၇၀၀ဝိ/-ကျပ် ၊ ကြက်ဥ (၁)လုံး ၂၀ဝိ/-ကျပ် စျေးနှုန်းများဖြင့် စားသုံးသူပြည်သူများအား  ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)