Main menu

“ဒေသထွက် ဗမာခရမ်းချဉ်သီးများ ဖြိုင်ဖြိုင်ထွက်ရှိ”

Powered by Drupal

    ကျောက်ဆည်ခရိုင်အတွင်းတွင် ရာသီအလိုက်သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ၄င်းသီးနှံများအနက် ဒေသထွက် ဗမာခရမ်းချဉ်သီးများကိုလည်း စိုက်ပျိုးကြပါသည်။ဗမာခရမ်းချဉ်သီးကို ယာမြေများတွင် အများဆုံးစိုက်ပျိုးကြပြီး ကြက်သွန် ၊ နံနံနှင့် ကုလားပဲခင်းများတွင်လည်း ဘေးဖက်ဘောင်များတွင် မိသားစုစားသုံးရန်စိုက်ပျိုးကြသလို စီးပွားဖြစ်အခင်းလိုက် စိုက်ပျိုးသော တောင်သူများလည်းရှိပါသည် ။ ခရိုင်အတွင်းတွင် အများဆုံးစိုက်ပျိုးသောမြို့နယ်မှာ မြစ်သားမြို့နယ်ဖြစ်ပြီး စိုက်ပျိုးသော ကျေးရွာများမှာ မင်းဝန်ရွာ ၊ ဒါးရဲကောင်းကျေးရွာ ၊ တောင်တွင်းကျေးရွာနှင့် မကျည်းကန်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊လုပ်သားခ အပါအဝင်(၄၀၀၀၀ဝိ/-)ကျပ်ခန့်ကုန်ကျကြောင်း ၊ စိုက်ပျိုးပြီး(၂)လကျော်အချိန်တွင် စတင်ခူးဆွတ်ရပြီး စတင်ခူးဆွတ်ချိန်မှ အသီးဖြိုင်ဖြိုင်ထွက်ပေါ်ချိန်တွင် (၄)ရက်ခြား တစ်ကြိမ်ခူးဆွတ်ရောင်းချပါက ပိဿာ(၄၀-၅၀)အထိ ထွက်ရှိပြီး   တဖြည်းဖြည်းအပင်ကျလာပြီး  အသီးအားနည်းချိန်တွင်  ပိဿာ (၁၀-၁၅)ထွက်ရှိကြောင်း၊ (၁)ဧက အထွက်နှုန်းအနေဖြင့် ပိဿာ(၄၀၀-၄၅၀)အထိထွက်ရှိကြောင်း၊ ဒီဇင်ဘာလဆန်းပိုင်း ခရမ်းချဉ်သီးများ စတင်ခူးဆွတ်ရောင်းချချိန်တွင် (၁)ပိဿာလျှင်(၃၀၀၀-၃၅၀၀)ကျပ်အထိ ရောင်းချရပြီး ယခုဖြိုင်ဖြိုင်ထွက်ပေါ်ချိန်တွင် (၁)ပိဿာ (၁၅၀၀)ကျပ်စျေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ၊ ဒေသထွက်ဗမာခရမ်းချဉ်သီးကို မီးဖုတ်၍ ခရမ်းချဉ်ပန်ထွေဖျော် စားသုံးကြသလို  ကုလားအော်သီး၊ နံနံပင်၊ ကြက်သွန်ဖူးလေးများဖြင့် ရောကာ အညာခရမ်းချဉ်သီး လေးထောင်းကာ ကုလားပဲရွက်ဟင်းရည်ပူပူလေးဖြင့် တွဲဖက်စားသုံးကြကြောင်း၊ ရာသီပေါ်စိုက်ပျိုးသောဗမာခရမ်းချဉ်သီးကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)