စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီး မှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ဟူသော မျော်မှန်းချက်နှင့်အညီ အသင်းအဖွဲ့များ အစုအဖွဲ့များ ဖွဲ့စည်း ပေးပြီး ပိုမိုအားကောင်းလာစေရေး ပူးပေါင်း ဆောင်ရွက်လျှက်ရှိပါသည်။ ပွဲရုံများ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုများကိုလည်း တင်း/ တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ် တင်ပြလျှက်ရှိပါ သည်။
ကန့်ဘလူပွဲရုံများအနေဖြင့် နိုဝင်ဘာလကုန်ပိုင်း နှင့် ဒီဇင်ဘာလ လဆန်းပိုင်းအထိ ဝင်ရောက် အရောင်းအဝယ် ဖြစ်နေသော သီးနှံအမျိုးအစား၏ ဒေသပေါက်တင်းဈေးနှုန်းများ၊ အဝင် /အထွက် တင်း/တန် များ၏ အရောင်းအဝယ် ဖြစ်မှုအခြေအနေများမှာ ပြောင်းဆံ(၈၅၅၀)တင်း/(၈၂၇.၇၆)တန် ဈေးနှုန်းမှာ (၁၀၅၀၀၀)ကျပ်၊ နှမ်းနက်(၈၂၅)တင်း/(၆၀.၆၆)တန် ဈေးနှုန်းမှာ(၈၅၀၀၀ မှ ၁၀၀၀၀၀)ကျပ် ဝန်ကျင် ပေါက်ဈေးရှိ၊ နှမ်းဖြူ(၇၅) တင်း/(၅.၅၂)တန် ဈေးနှုန်းမှာ(၈၅၀၀၀ မှ ၁၀၀၀၀၀)ကျပ် ဝန်းကျင် ပေါက်ဈေး ရှိပါသည်။ မတ်ပဲ(၁၅၀)တင်း/ (၁၃.၇၈)တန် ဈေးနှုန်းမှာ (၈၅၀၀၀)ကျပ်ပေါက်ဈေးရှိပါသည်။ ပဲတီစိမ်း (၁၅)တင်း (၁.၃၇)တန် ဈေးနှုန်းမှာ (၄၅၀၀၀)ကျပ် ပေါက်ဈေးရှိပါသည်။ ကုလားပဲ V2အမျိုးအစား (၁၂)တင်း/ (၁.၁၂)တန် ဈေးနှုန်းမှာ (၈၇၀၀၀)ကျပ်၊ ကုလားပဲ929အမျိုးအစား(၁၂)တင်း/(၁.၁၂)တန် ဈေးနှုန်းမှာ(၈၅၀၀၀)ကျပ်၊ ပဲလွန်းဖြူ (၆)တင်း/ (၀.၅၇) တန် ဈေးနှုန်းမှာ(၆၅၀၀၀) နေကြာ(၇)တင်း / (၀.၃၃)တန် ဈေးနှုန်းမှာ (၄၀၀၀၀)ကျပ် ယခုကာလတွင် ပြောင်းဆံ အဝင်/ အထွက် ပေါများဆုံးအချိန်ဖြစ်ပြီး ကန့်ဘလူမြို့နယ် နှင့် ကျွန်းလှမြို့နယ်အတွင်း စန္ဒယား၊ ကျောက်အိုင်၊ ငှက်ပျောတော၊ ရွာသစ်ကုန်း၊ တပေါင်၊ ဆည်ကြီး၊ ဂါးထာ၊ ၈မိုင်၊ လမ်းမှန်၊ တပဲ၊ ပေရင်း၊ မူးဂွ စသည့် ကျေးရွာများမှ အများဆုံးလာရောက် ရောင်းချကြပါသည်။ ယခုလတွင် ပဲတီစိမ်း၊ နှမ်းနက်၊ နှမ်းဖြူ ၊ နေကြား ၊ ပဲလွန်းဖြူတို့စတင်ဝင်ရောက်လာသည့်အချိန်ဖြစ်ပါသည်။ မိမိတို့ပွဲရုံမှ သီးနှံများကို မန်းလေးမြို့ ဇောတိကပွဲရုံသို့ တင်ပို့ ရောင်းချလျှက်ရှိကြောင်း ကန့်ဘလူမြို့ ပေါ်ရှိ ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သတင်း ရရှိပါသည်။
DOCA(စစ်ကိုင်း)