Main menu

ဆန်၊ စပါးကုန်သည်များအသင်း ပြန်လည်ဖွဲ့စည်းနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေး

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ ဆန်စပါးကုန်သည်များအသင်း၏ အကြောင်းကြားလာမှုအရ ပွင့်ဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗိုလ်ဥတ္တမခန်းမ၌ (၁၂-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ပွင့်ဖြူမြို့နယ်၏ ဆန်၊ စပါးကုန်သည်များအသင်း(၂၀၂၄-၂၀၂၇)အား ပြန်လည်ဖွဲ့စည်းနိုင်ရန်အတွက် မြို့နယ်အထွေထွေဦးစီးဌာန၏ ပံ့ပိုးကြီးကြပ်လမ်းညွှန်မှုဖြင့် ကြီးမှူးကျင်းပခဲ့ပါသည်။

      အဆိုပါ ဆန်၊ စပါးကုန်သည်များအသင်းခွဲ(၂၀၂၄-၂၀၂၇)အား ပြန်လည်ဖွဲ့စည်းနိုင်ရန်အတွက် ပွင့်ဖြူမြို့နယ်မှ ဆန်၊ စပါးကုန်သည်(၃၅)ဦးတက်ရောက်ခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က “ပွင့်ဖြူမြို့နယ်အတွက် ဆန်၊ စပါးကုန်သည်အသင်းတွင်ပါဝင်မည့် အသင်းသားများသည် မိမိမြို့နယ်အတွက် ဦးဆောင်၍ ဆောင်ရွက်ပေးနိုင်မည့်သူများ၊ အထက်အဖွဲ့အစည်းအဆင့်ဆင့်၏ညွှန်ကြားချက်၊ လမ်းညွှန်ချက်များကိုလည်း မိမိအသင်းသားများအား အချိန်နှင့်တပြေးညီ ချပြနိုင်သူများ၊ ဌာနဆိုင်ရာများနှင့်လည်းပူးပေါင်းဆောင်ရွက်ပေးနိုင်မည့်သူများကိုသာ ဦးစားပေးရွေးချယ်ပေးစေလိုကြောင်း၊ အဖွဲ့အစည်းနှင့်ဆောင်ရွက်ရာတွင် တစ်ဦးကောင်း၊ တစ်ယောက်ကောင်းဖြင့် ဆောင်ရွက်၍မရကြောင်း၊ ညီညီညွတ်ညွတ်၊ စည်းစည်းလုံးလုံးနှင့် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းက အသင်းအား အနည်းဆုံး (၇)ဦး၊ မဂဏန်းဖြင့်သော်လည်းကောင်း၊ (၉)ဦးဖြင့်သော်လည်းကောင်းဖွဲ့စည်းပြီး တိုင်းအဆင့်တွင်ပါဝင်နိုင်မည့်သူ(၂)ဦးကိုလည်း တစ်ပါတည်းရွေးချယ်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ရွေးချယ်ရာတွင် ဆန်၊ စပါးကုန်သည်များကိုယ်တိုင် မိမိတို့စိတ်ကြိုက်ရွေးချယ်ပေးရမည်ဖြစ်ပကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

      ထို့နောက် ပွင့်ဖြူမြို့၏ ဆန်၊ စပါးကုန်သည်အသင်း(၂၀၂၄-၂၀၂၇)အား ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်(၁)၊ စာရင်းစစ်(၂)တို့အပါအဝင် အသင်းသားအမှုဆောင်(၁၅)ဦးနှင့် တိုင်းကိုယ်စားလှယ်အဖြစ် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့အား  ရွေးချယ်တင်မြှောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

a