Main menu

ဆိပ်ဖြူမြို့တွင်အရောင်းအဝယ်ဖြစ်နေသော ဆန်ဈေးနှုန်းများ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် စိုက်ပျိုးရေးဒေသဖြစ်သော်လည်း စပါးစိုက်ဧကနည်းပြီး စားသုံးဆန်ဖူလုံမှုမရှိ၍ အခြားတိုင်းဒေသကြီးများနှင့် မြို့နယ်များမှ ဆန်များဝယ်ယူတင်သွင်းရသော ဒေသဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်း၊ စလင်း၊ ရှောက်တော၊ တောင်တွင်းကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်၊ မြောင်းမြ၊ ဖျာပုံ၊ မြန်အောင်ဒေသများမှ ကုန်းလမ်းကြောင်းဖြင့် ဆိပ်ဖြူမြို့သို့ ဝင်ရောက်လျက်ရှိပါသည်။

     ဆိပ်ဖြူဒေသတွင် ဆန်များဝယ်ယူစားသုံးရပြီး ဆန်ထွက်ရှိရာဒေသများတွင် ဆန်ဈေးနှုန်းအနည်းငယ်မြင့်တက်၍ ဆိပ်ဖြူမြို့၊ ဆန်ဈေးကွက်တွင်လည်း ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်းတွေ့ရှိရသည်။

   ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် အရောင်းအဝယ်ဖြစ်နေသောဆန်ဈေးနှုန်းများမှာ ဒေသတွင်းစားသုံးမှုများသော ဧရာပဒေသာဆန်(ဆင်ဖြူကျွန်း) တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀)၊ ဧရာပဒေသာ(မြောင်းမြ)တစ်အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊ ဧရာပဒေသာပေါ်ဆန်းရော(ထူးရှယ်) တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ ရာပြည့်ဖန်သီးတစ်အိတ်လျှင် ကျပ်(၁၀၂၀၀၀)၊ ရွှေဝါထွန်း (မြောင်းမြ) ဆန်အသစ်တစ်အိတ်လျှင် ကျပ်(၇၇၀၀၀)၊ မနောသုခ(ဆင်ဖြူကျွန်း) တစ်အိတ်လျှင် ကျပ်(၁၂၅၀၀၀)၊ မနောသုခ (မြောင်းမြ) တစ်အိတ်လျှင် ကျပ်(၉၄၀၀၀)၊ ဆင်းသုခ(ဆင်ဖြူကျွန်း) တစ်အိတ်လျှင် ကျပ်(၁၁၁၀၀၀)၊ ဆင်းသုခ(မြောင်းမြ) တစ်အိတ်လျှင် ကျပ်(၉၄၀၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဒုတိယစားသုံးမှုအများဆုံးဖြစ်သော ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်လျှင် ကျပ် (၁၈၀၀၀၀)၊ သိင်္ဂီပေါ်ဆန်းတစ်အိတ်လျှင် ကျပ်(၁၂၀၀၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုဒီဇင်ဘာလ(ဒုတိယပတ်)တွင် ယခင်ဒီဇင်ဘာလ (ပထမပတ်)ထက် ဆန်တစ်အိတ်လျှင် ကျပ်(၁၅၀၀)ခန့် ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်‌ေနကြောင်း ဆန်ရောင်းဝယ်ရေးဈေးကွက်မှသိရှိရပါသည်။

DOCA(မကွေး)