Main menu

ရေစကြိုမြို့မဈေး၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့မဈေးကြီးတွင် သီးနှံမျိုးစုံစိုက်ပျိုးထွက်ရှိသော ပခုက္ကူ၊ မုံရွာ၊ မန္တလေးမြို့နှင့် ရေစကြိုမြို့ရှိ ကျေးရွာများဖြစ်သော ညောင်တော၊ ကူတုတ်ရွာတို့မှ သီးနှံအများဆုံး ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

     ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ရေစကြိုမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ပဲရောဆီတစ်ပိဿာလျှင် ကျပ်(၉၀၀၀)၊ ဆုံဆီတစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၁၂၀၀မှ ၁၄၀၀)၊ ခရမ်းသီးတစ်ပိဿာလျှင် ကျပ်(၂၂၀၀မှ၂ ၄၀၀)၊ အာလူးတစ်ပိဿာလျှင် ကျပ်(၃၄၀၀မှ ၃၆၀၀)၊ မျှစ်(တောင်ရိုး) တစ်ပိဿာလျှင် ကျပ်(၂၅၀၀မှ ၂၇၀၀)၊  ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ကျပ် (၃၀၀၀မှ ၃၅၀၀)၊ ဆင်ခြေယာငရုတ်သီးခြောက်တစ်ပြည်လျှင် ကျပ်(၂၀၀၀မှ ၂၂၀၀)၊ ကြက်သွန်နီ(သစ်) တစ်ပိဿာလျှင် ကျပ်(၂၈၀၀မှ ၃၀၀၀)၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ချင်းတက်တစ်ပိဿာလျှင် ကျပ်(၄၀၀၀မှ ၄၂၀၀)၊ ရုံးပတီသီးတစ်ပိဿာလျှင် ကျပ်(၁၆၀၀မှ ၁၈၀၀)၊ မေမြို့ပဲသီး(အပြား) တစ်ပိဿာလျှင် ကျပ်(၁၅၀၀မှ ၁၇၀၀)၊ ပဲတောင့်ရှည်တစ်ပိဿာလျှင် ကျပ်(၁၆၀၀မှ ၁၈၀၀)၊ ဂေါ်ရခါးသီးတစ်လုံးလျှင် ကျပ်(၁၇၀မှ ၂၀၀)၊ မုန့်လာထုပ်တစ်ထုပ်လျှင် ကျပ်(၁၂၀၀မှ ၁၃၀၀)၊ မုန့်ညင်းတစ်စည်းလျှင် ကျပ်(၁၅၀မှ ၂၀၀)၊ ကိုက်လန်တစ်စည်းလျှင် ကျပ်(၁၀၀)၊ ဆလပ်ရွက်တစ်စည်းလျှင် ကျပ် (၁၀၀)၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် ကျပ်(၈၀၀)၊ ကန်စွန်းရွက်တစ်စည်းလျှင် ကျပ်(၅၀)၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ်(၅၀)၊ ဘူးရွက်တစ်စည်းလျှင် ကျပ်(၈၀)၊ နံနံပင်တစ်စည်းလျှင် ကျပ်(၈၀)၊ သံပရာသီးတစ်လုံးလျှင် ကျပ်(၁၅၀)၊ မန်ကျည်းသီးမှည့်အစေ့လွတ်တစ်ပိဿာလျှင် ကျပ်(၃၀၀၀မှ ၃၂၀၀)၊ မြေပဲဆံတစ်ပြည်လျှင် ကျပ်(၇၅၀၀)၊ ကုလားပဲခြမ်း(အနီဆံ) တစ်ပြည်လျှင် ကျပ်(၇၆၀၀)၊ ကုလား ပဲခြမ်း(အဖြူဆံ) တစ်ပြည်လျှင် ကျပ်(၇၈၀၀)၊ ဆားတစ်ပိဿာလျှင် ကျပ်(၆၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရေစကြိုမြို့မဈေးအတွင်းရှိ ရောင်းချသူဈေးသည်များထံမှသိရှိရပါသည်။  

DOCA(မကွေး)