Main menu

ခင်ဦးမြို့၌ ရွှေဘိုပေါ်ဆန်းစပါးများ စတင်ရိတ်သိမ်းလျက်ရှိ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့သည် မြန်မာနိုင်ငံအထက်ပိုင်းတွင်တည်ရှိပြီး မြို့ရှိဒေသခံတောင်သူများသည် စိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်ကြပြီး သဖန်းဆိပ်ဆည်မှရရှိ သောဆည်ရေဖြင့် နွေရာသီတွင် ရက်တစ်ရာစပါး(ခေါ်)ရွှေဝါထွန်းစပါးနှင့် မိုးရာသီတွင် ရွှေဘို ပေါ်ဆန်းစပါး(သို့မဟုတ်) ဒေသခေါ်ဘေးကြားစပါးကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါ သည်။

   မြို့၏အရှေ့ဘက်တွင် ယာမြေအများဆုံးရှိ၍ ရာသီအလိုက်သီးနှံများနှင့် မြို့၏အနောက်ဘက် ြို့၏အရှေ့ဘက်တွင် ယာမြေအများ ်၍တွင် စပါးစိုက်လယ်မြေများစွာရှိ၍ ရွှေဘိုပေါ်ဆန်းစပါးကိုအများဆုံး စိုက်ပျိုးလျက်ရှိကြောင်း၊ ခင်ဦးမြို့တွင် ရွှေဘိုပေါ်ဆန်း စပါးစိုက်ဧကမှာ(၄၀၀၀၀)ကျော်ရှိပြီး မိမိအနေဖြင့် ရွှေဘိုပေါ်ဆန်းစပါး (၁၀)ဧကနီးပါးစိုက်ပျိုးထားကြောင်း၊ စပါးမျိုးကို မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့မှဝယ်ယူ၍ ပျိုးထောင်စနစ်ဖြင့် ဩဂုတ်လ(ပထမပတ်)မှစတင်၍စိုက်ပျိုးကြောင်း၊ စပါးမျိုးတစ်တင်းလျှင် ကျပ် (၅၀၀၀၀)ပေးရပြီး (၁)ဧကလျှင် မျိုး(၁)တင်းခန့် အသုံးပြုရကြောင်း၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ရိတ်သိမ်းနေပြီဖြစ်ကြောင်း၊ ယခင်နှစ်က အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် တင်း(၇၀)နီးပါး ထွက်ရှိပြီး ယခုနှစ်တွင်ရာသီဥတုမှာ ကောင်းမွန်သောကြောင့် တင်း(၇၀ မှ ၉၀)ကြားထွက်ရှိကြောင်း၊ လုပ်အားမသုံးဘဲ စက်ဖြင့်ရိတ်သိမ်းသောကြောင့် စက်ငှားရမ်းခမှာ တစ်နေ့လျှင် ကျပ်(၁၀၀၀၀၀) ပေးရကြောင်း၊ ယခင်နှစ်က(၁)ဧကလျှင် ကုန်ကျစရိတ်မှာ ကျပ်(၆၀၀၀၀၀)နီးပါးကုန်ကျပြီး ယခု နှစ်တွင် မျိုးဖိုး၊ ဓါတ်မြေဩဇာဖိုးများအပါအဝင် ရွှေဘိုပေါ်ဆန်းစပါး စတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်း ချိန်အထိ ကုန်ကျစရိတ်မှာ (၁)ဧကလျှင် ကျပ်(၁၀)သိန်းနီးပါးကုန်ကျကြောင်း၊ ယခင်နှစ်တွင် ရွှေဘိုပေါ်ဆန်း စပါးပေါ်စတွင် (၁)တင်းလျှင် ကျပ်(၁၇၀၀၀ မှ ၁၈၀၀၀)ဈေးရှိခဲ့သော်လည်း နယ်မြေအခြေအနေအရ ခင်ဦးတနယ်လုံးစပါးစိုက်ပျိုးနိုင်ခြင်းမရှိ၍  ၂၀၂၃ ခုနှစ်၊ ယခုဒီဇင်ဘာလ (တတိယပတ်)တွင် ကျပ်(၃၀၀၀၀ မှ ၃၄၀၀၀)ထိဈေးရရှိပါကြောင်း၊ စပါးစိုက်တောင်သူများအနေဖြင့် ထွက်ရှိပြီးသောစပါးများကို မိမိတို့မိသားစုစားသုံးရန်အတွက်သာ ဆန်စက်တွင်ကြိတ်ပြီး ကျန်စပါးများအားရောင်းချရန် သိုလှောင်ထားကြကြောင်း၊ ခင်ဦးမြို့ပေါ်ရှိစပါးပွဲစားများအပြင် ရွှေဘိုမြို့နှင့် အခြားဒေသစုံရှိစပါးပွဲစားများမှ လာရောက်ဝယ်ယူကြပါကြောင်း ခင်ဦးမြို့နေ ရွှေဘိုပေါ်ဆန်းစပါးစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)