Main menu

မကွေးကုန်စည်ဒိုင်၌ ဖြစ်ပေါ်နေသော သီးနှံစျေးနှုန်းများ အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(မကွေးကုန်စည်ဒိုင်)တွင် စလင်း၊ ဆင်ဖြူကျွန်း၊ သစ်ရာကောက်၊ နတ်မောက်၊ မိကျောင်း ရဲ၊ လျှောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်တို့မှ ထွက်ရှိသောပဲနှင့်နှမ်းမျိုးစုံတို့ အများဆုံး ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ ပဲစဉ်းငုံနီ(သစ်)မှာ နိုဝင်ဘာလမှစတင်ပြီး ဈေးကွက်အတွင်း ရောက်ရှိနေပြီဖြစ်ပါသည်။ ပဲစဉ်းငုံကို နတ်မောက်မြို့ပတ်ဝန်းကျင်ရှိကျေးရွာများဖြစ်သော ပုဂံမျှော်၊ ကန်ကြီး၊ ဂွေးတောက်စမ်းတို့မှ အများဆုံးစိုက်ပျိုးကြကြောင်း သိရှိရပါသည်။

    (၁၄.၁၂.၂၀၂၃)ရက်နေ့၌ မကွေးကုန်စည်ဒိုင်ရှိ သီးနှံဈေးနှုန်းများမှာ နှမ်းနက်(စမုံ)(၁၅)ပိဿာ(၁)တင်းလျှင် ကျပ်(၁၁၅၀၀၀)၊ နှမ်းဖြူ(၁၅)ပိဿာ(၁)တင်းလျှင် ကျပ်(၁၁၅၀၀၀)၊ နှမ်းနီ(မကွေး)(၁၅) ပိဿာ(၁)တင်းလျှင် ကျပ်(၁၀၀၀၀၀)၊ နှမ်းနီ(နယ်စ)(၁၅)ပိဿာ(၁)တင်းလျှင် ကျပ်(၉၆၀၀၀)၊ ပဲမျိုးစုံအနေဖြင့် ပဲတီစိမ်း(၂၀)ပိဿာလျှင် ကျပ်(၅၈၀၀၀-၆၀၀၀၀)၊ ပဲနောက်(၂၀)ပိဿာ (၁)တင်းလျှင် ကျပ်(၅၀၀၀၀)၊ ပဲလွန်းဝါ(ကျွန်း)(၁၉)ပိဿာ(၁)တင်းလျှင် ကျပ်(၅၈၀၀၀-၅၉၀၀၀)၊ ကုလား ပဲကြီး(929)(၁၉)ပိဿာ(၁)တင်းလျှင် ကျပ်(၈၈၅၀၀)၊ ပဲကြီးဖြူ(လတ်) (၁၉)ပိဿာ(၁)တင်းလျှင် ကျပ်(၁၂၀၀၀၀)၊ ပဲကြီးဖြူ(သေး)(၁၉)ပိဿာ(၁)တင်းလျှင် ကျပ်(၁၁၀၀၀၀)၊ ပဲကြီးဖြူ(ပြားကြီး) (၁၉)ပိဿာလျှင် ကျပ်(၁၃၀၀၀၀)၊ ပဲကြီးမဲ(ချင်း)(၁၉)ပိဿာ(၁)တင်းလျှင် ကျပ်(၈၅၀၀၀)၊ ပဲစဉ်းငုံနီ (၂၀)ပိဿာ(၁)တင်းလျှင် ကျပ်(၁၀၀၀၀၀)၊ မတ်ပဲ(၂၀)ပိဿာ(၁)တင်းလျှင် ကျပ်(၉၀၀၀၀)၊ စားတော်ပဲ (၂၀)ပိဿာ(၁)တင်းလျှင် ကျပ်(၁၁၇၀၀၀-၁၂၀၀၀၀)၊ မြေပဲလုံးဆံနီ (၁)ပိဿာလျှင် ကျပ် (၆၃၀၀-၆၅၀၀)၊ လုံးဆံဖြူ(၁)ပိဿာလျှင် ကျပ်(၆၂၀၀-၆၃၀၀)၊ မြေပဲဆံအောက်ကျ (၁)ပိဿာလျှင် ကျပ် (၄၅၀၀)တို့ဖြင့် စျေးနှုန်းများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

    မကွေးကုန်စည်ဒိုင်၌ (၁၁.၁၂.၂၀၂၃)ရက်နေ့မှ(၁၅.၁၂.၂၀၂၃)ရက်နေ့အထိ နှမ်းဖြူတန်ချိန် (၁၀၀)ခန့်၊ နှမ်းနီတန်ချိန်(၂၅)ခန့်၊ နှမ်းနက်စမုံ တန်ချိန်(၇၀)ခန့်၊ ပဲတီစိမ်း တန်ချိန် (၂၅)ခန့်၊ ပဲနောက် တန်ချိန်(၅၀)ခန့်၊ ပဲလွန်းဝါ(ကျွန်း)တန်ချိန်(၅၀)ခန့်၊ ကုလားပဲ (HL)နှင့်ကုလားပဲ(929)တန်ချိန် (၁၀၀)ခန့်၊ ပဲကြီးဖြူ တန်ချိန်(၅၀)ခန့်၊ ပဲကြီးမဲတန်ချိန်(၁၀)ခန့်၊ စားတော်ပဲတန်ချိန်(၁၅)ခန့်၊ မတ်ပဲတန်ချိန် (၁၀)ခန့်၊ ပဲစဉ်းငုံနီတန်ချိန် (၁၀၀)ခန့်၊ လုံးဆံနီ၊ လုံးဆံဖြူနှင့် မြေပဲဆီဆံ(အောက်ကျ) တန်ချိန်(၅၅၀)ခန့်တို့ အသီးသီးအရောင်းအဝယ်ဖြစ်ပေါ်ခဲ့ကြောင်း မကွေးကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)