မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ - ၂၀၂၄ ဆောင်းသီးနှံစိုက်ပျိုးရေးစရိတ်ချေးငွေ များကို သတ်မှတ်အုပ်စုများအလိုက် ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရပါသည်။
ဆောင်းစိုက်ပျိုးရေးချေးငွေကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့မှ စတင်၍ထုတ်ပေးသွားမည်ဖြစ်ပြီး အခြားသီးနှံ(၁)ဧကလျှင် ကျပ်(၁၀၀၀၀၀)နှုန်းဖြင့် ထုတ်ချေးပေးမည်ဖြစ်ကြောင်း (၁၃.၁၂.၂၀၂၃)ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင်ကျင်းပသည့် မြို့နယ်ချေးငွေအကြံပေးအဖွဲ့နှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးတွင် သိရှိရပါသည်။
သို့ဖြစ်ပါ၍ တောင်တွင်းကြီးမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ၂၀၂၃-၂၀၂၄ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေကို ငမင်အုပ်စု၊ လက်ပံဘုအုပ်စု၊ ဝက္ကသေးအုပ်စု(၃)စုတို့မှ တောင်သူများကို မြေစာရင်းနှင့်စိုက်ပျိုးရေးတို့မှ ဧကအမှန်ရယူပြီး ငမင်အုပ်စုလျာထား ကျပ်သိန်း (၆၀၀)၊ လက်ပံဘုအုပ်စု လျာထားကျပ်သိန်း(၆၀၉)၊ ဝက္ကသေးအုပ်စု လျာထားကျပ်သိန်း(၁၅၀၀) ထုတ်ချေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးအေးကိုထံမှ သိရှိရပါ သည်။
DOCA(မကွေး)