မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ပေါ်တွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (တတိယပတ်)အတွင်း အရောင်းအဝယ်ဖြစ်ပေါ်နေသော အိမ်သုံးဆေးဝါးများ၏ဈေးနှုန်းများမှာ Decolgen (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၁၇၀၀)၊ Civit အလုံး(၁၀၀)ပါ (၁)ဘူးလျှင် ကျပ်(၃၀၀၀)၊ Paracetamol (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၃၀၀)၊ Biogesic (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ် (၁၁၀၀)၊ Amoxicillin (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၆၅၀)၊ Enervon-C (၄)လုံးပါ(၁) ကတ်လျှင် ကျပ်(၁၆၀၀)၊ Burmeton အလုံး(၁၀၀)ပါ(၁)ဘူးလျှင် ကျပ် (၂၄၀၀)၊ Cetirizine (၁၀)လုံးပါ(၁) ကတ်လျှင် ကျပ်(၂၅၀)၊ ဓာတ်ဆား MPF (၁)ထုပ်လျှင် ကျပ်(၃၅၀)၊ သီးစုံဓာတ်ဆား Royal-D (၁)ထုပ်လျှင် ကျပ်(၃၆၀)၊ Oramin-G (၅)လုံးပါ(၁)ကတ်လျှင် ကျပ်(၃၆၀၀)၊ Becozinc (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၄၅၀၀)၊ Vitahome (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၁၉၅၀)၊ Vitacee(၁၀) လုံးပါ(၁)ကတ်လျှင် ကျပ်(၄၆၀၀)၊ Solmux (၄)လုံးပါ(၁)ကတ်လျှင် ကျပ်(၁၃၀၀)၊ Woods' (၁)ဘူး လျှင် ကျပ်(၈၅၀၀)၊ Alaxan (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၁၃၀၀)၊ Mixagrip (၆)လုံးပါ(၁)ကတ် လျှင် ကျပ်(၁၁၅၀)၊ Vitamin-C 100mg (၁၀)လုံးလျှင် ကျပ် (၂၅၀)၊ Zinc (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၂၀၀)၊ Zincovit (၁၀)လုံးပါတစ်ကတ်လျှင် ကျပ် (၆၃၀၀)၊ Omega-3 (၅)လုံးပါ(၁) ကတ်လျှင် ကျပ်(၁၀၀၀)ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။
ယခုအချိန်အခါသည် ဆောင်းရာသီကာလဖြစ်၍ နှာစေးချောင်းဆိုးများ၊ ဖျားနာမှုများဖြစ်ပွားလျက်ရှိရာ ဖျားနာမှုများအတွက် အိမ်သုံးဆေးဝါးများကိုအဓိကဝယ်ယူလျက်ရှိကြောင်း ဆိပ်ဖြူမြို့၊ ပတ္ထမြားဈေးအတွင်းရှိဆေးဆိုင်များမှသိရှိရပါသည်။
DOCA(မကွေး)