Main menu

ပခုက္ကူခရိုင်အတွင်း ဒီဇင်ဘာလ(တတိယပတ်)၌ဖြစ်ပေါ်နေသော မြေပဲဆံနှင့်မြေပဲဆုံဆီဈေးနှုန်းဈေးကွက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သော မြေပဲနှင့်နှမ်းကို အဓိကစိုက်ပျိုးကြပါသည်။ ယခုအခါတွင် သုံးလမြေပဲများဖြိုင်ဖြိုင်ပေါ်နေပြီး မြေပဲဆံဈေးမှာ လည်းအနည်းငယ်ကျဆင်းကြောင်းသိရှိရပါသည်။ ပခုက္ကူခရိုင်အတွင်းသို့ မြိုင်မြို့နယ်ရှိရွာများ၊ ပခုက္ကူကျွန်းများ၊ ပခုက္ကူမြို့အနောက်ဘက်ရှိရွာများမှ မိုးမြေပဲများအရောင်းအဝယ်ဖြစ်နေပါသည်။ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(တတိယပတ်)တွင် မြေပဲဆံပြန့်ရှယ်တစ်ပိဿာလျှင် ကျပ်(၅၉၀၀-၆၃၅၀)၊ မြေပဲဖြူလုံးဆံတစ်ပိဿာလျှင် ကျပ် (၆၀၀၀- ၆၃၀၀)၊ မြေပဲဆံရွေးကျ(ခွဲခြမ်း) တစ်ပိဿာလျှင် ကျပ်(၄၅၀၀-၄၆၀၀)ဖြင့် ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်နေပါသည်။

       မြေပဲဆံ(၃)လ/(၆)လပဲများ ဖြိုင်ဖြိုင်ပေါ်သည့်အလျောက် မြေပဲဆုံဆီလုပ်ငန်များလည်း တွင်ကျယ်စွာလည်ပတ်လျက်ရှိပါသည်။ မြေပဲဆုံဆီကြိတ်ရာတွင် မြေပဲဆံများကို ပြာတီးသန့်စင် ခြင်း၊ မြေပဲအပုတ်စေ့များကိုရွေးထုတ်ပြီးမှာသာ မြေပဲဆံကြိတ်ရကြောင်း၊ မြေပဲဆံပဲလေးတစ်ပိဿာကြိတ်လျှင် ဆီ(၄၀-၄၂) ကျပ်သားထွက်ရှိကြောင်း၊  မြေပဲတစ်ဆုံကြိတ်လျှင် (၅)ပိဿာ ကြိတ်ရပြီး ဆီထွက်ရှိမှုမှာ (၂)ပိဿာ၊ (၁၀) ကျပ်သားထွက်ရှိကြောင်း၊ မြေပဲဆုံကြိတ်ခမှာ တစ်စုံလျှင် ကျပ် (၇၀၀)၊ မြေပဲဆုံ(၇) ဆုံရှိကြောင်း မြေပဲစုံကြိတ်သူထံမှသိရှိရပါသည်။ မြေပဲဆုံဆီ တစ်ပိဿာလျှင် ကျပ် (၁၃၅၀၀) မှ ကျပ် (၁၄၀၀၀)၊ စက်ပဲဆီသန့်တစ်ပိဿာလျှင် ကျပ်(၁၁၀၀၀-၁၁၅၀၀)ဖြစ်ပြီး ဆုံပဲခွေဖတ်တစ်ပိဿာလျှင် ကျပ်(၂၅၀၀)ဖြင့်ရောင်းချနေကြောင်း၊ ဈေးကွက်အနေဖြင့်  ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်၊ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့တို့သို့တင်ပို့နေကြောင်း  ပခုက္ကူမြို့ နယ်ဆုံဆီလုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(မကွေး)