Main menu

“ကျောက်ဆည်ခရိုင်တွင် မိုးစပါးများစတင်ရိတ်သိမ်းမှုနှင့်စျေးနှုန်းအခြေအနေ”

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကိုအဓိကထား လုပ်ကိုင်ဆောင်ရွက်သောဒေသဖြစ်ရာ ကျေးလက်နေတောင်သူအများစုသည် မိုးစပါးများကိုသာ အဓိကထား အများဆုံးစိုက်ပျိုးကြပါသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မိုးစပါးစိုက်ဧက(၁၄၄၆၈၆)ဧက စိုက်ပျိုးထားရှိပြီး ယခုအချိန်တွင် မိုးစပါးများ စတင်ထွက်ပေါ်နေပြီဖြစ်ရာ  မြစ်သားမြို့နယ်တွင်(၂၃၀၅) ဧကရိတ်သိမ်းနိုင်ခဲ့ပြီး အထွက်နှုန်းအနေဖြင့်(၁၀၁)တင်း ၊ အထွက်စုစုပေါင်း (၂၃၂၈၉၃) တင်းထွက်ရှိ ကြောင်းလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏စာရင်းများအရသိရှိရပါသည်။ ယခုနှစ်တွင်မိုးရွာသွန်းမှုကောင်းသောကြောင့် မိုးစပါးများအထွက်နှုန်းပိုမိုကောင်းမွန်ကြောင်း သိရှိရပါသည်။

      မိုးစပါးစျေးနှုန်းများအနေဖြင့် ဧရာပဒေသာစပါး တင်း(၁၀၀)လျှင် ( ၂၅၀၀၀၀ဝိ/- မှ ၂၆၀၀၀၀ဝိ/-) ကျပ်၊ မနောသုခစပါး တင်း(၁၀၀)လျှင်( ၁၉၀၀၀၀ဝိ/- မှ ၂၀၀၀၀၀ဝိ/-)ကျပ် စျေးနှုန်းများရှိကြောင်း ၊ စပါးအရည်အသွေးပေါ်မူတည်ပြီး စက်ပိုင်ကုန်သည်များမှဝယ်ယူကြောင်း ၊ ဆန်စျေးနှုန်းများအနေဖြင့် ဧရာပဒေသာဆန် တစ်တင်းခွဲတစ်အိတ်လျှင်(၉၅၀၀ဝိ/- မှ ၁၀၀၀၀ဝိ/-)ကျပ် ၊ မနောသုခဆန် တစ်တင်းခွဲတစ်အိတ်လျှင် (၇၅၀၀ဝိ/- မှ ၈၀၀၀ဝိ/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိ ကြောင်းသိရှိရပါသည်။ ဧရာပဒေသာ စပါးတစ်ဧကလျှင် ကုန်ကျစရိတ်(၇၅၀၀၀ဝိ/-)ကျပ်ဝန်းကျင် ခန့်ကုန်ကျကြောင်း ၊ ဆန်စပါးစျေးနှုန်းအနေဖြင့် ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် စျေးနှုန်းမြင့်တက်လျှက် ရှိပြီးစျေးကောင်းရသောကြောင့် အကျိုးအမြတ်အနေဖြင့် စပါးအထွက်နှုန်းပေါ်မူတည်ပြီး အကျိုး အမြတ်များစွာရရှိကြောင်း မိုးစပါးစိုက်တောင်သူတစ်ဦး၏ ပြောကြားချက် အရသိရှိရပါသည်။

DOCA(မန္တလေး)