Main menu

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် လျှော်ဖြူစေးများစတင်ထုတ်လုပ်

Powered by Drupal

   ပြည်ခရိုင်အတွင်း တွင်လျှော်ဖြူစိုက်ဧကမှာ (၉၅၁) ဧကရှိပြီး အပင်ရေမှာ ၁၁၇၀၅၀ပင်စိုက်ပျိုးထားကြောင်းသိရပါသည်။ ယခု၂၀၂၃ခုနှစ်တွင် ၎င်းအခင်းများအနက် ရွှေတောင်၊ ပြည်၊ ပေါက်ခေါင်းမြို့နယ်များရှိ လျှော်ဖြူအပင်ရေ ၁၉၈၀ပင်ကို မန်းထစ်ထားပြီး ကြာဇံအစေးများကို စမ်းသပ်ထုတ်လုပ်မည်ဟုသိရှိရပါသည်။ လျှော်ဖြူဈေးကွက်တွင် ရိုးရိုးလျှော်ဖြူစေးနှင့် ကြာဇံစေးဟူ၍ (၂)မျိုးရှိပြီး ရိုးရိုးလျှော်ဖြူစေးထုတ်လျှင် ကုန်ကျစရိတ်နှင့်တွက်ချေမကိုက်သည့်အတွက်ကြောင့် ထုတ်ယူခြင်းမပြုဘဲ ကြာဇံစေးသာစမ်းသပ်ထုတ်လုပ်မည်ဖြစ်ပါသည်။ လျှော်ဖြူ ဈေးကွက်အနေဖြင့် မန္တလေးဈေးကွက်သို့ တင်ပို့ရောင်းချမှုရှိပြီး မန္တလေးဝယ်လက်များကလည်း လာရောက်ဝယ်ယူလျက်ရှိပါသည်။ ယခုအချိန်တွင် လျှော်ဖြူစေးထွက်ရှိမှုနည်းပါးနေသောကြောင့် မန္တလေးဈေးကွက်သို့ ကားဖြင့်သာချိတ်ဆက်တင်ပို့ရောင်းချမှုများရှိပြီး ဈေးနှုန်းအနေဖြင့် စတင်မန်းထစ်ချိန်တွင် ရိုးရိုးစေးတစ်ပိဿာလျှင် (၈၀၀၀-၁၀၀၀၀) ကျပ်နှင့် ကြာဇံစေး တစ်ပိဿာလျှင် (၁)သိန်းခန့်ပေး၍ဝယ်ယူမှုရှိခဲ့ပြီး ယခုအချိန်တွင် ရိုးရိုးအစေးတစ်ပိဿာလျှင် (၅၀၀၀-၆၀၀၀) ကျပ်နှင့် ကြာဇံအစေးတစ်ပိဿာလျှင် (၈၀၀၀၀-၈၅၀၀၀) ကျပ်းရရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)