Main menu

ပြည်မြို့နယ်တွင် ချည်မျှင်ရှည်ဝါများစတင်ထွက်ရှိ

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ချည်မျှင်ရှည်ဝါ (မိုး) (၄၇၅၂) ဧကစိုက်ပျိုးထားပြီး ငွေချည်-၆ ဝါမျိုးကို အများဆုံးစိုက်ပျိုးထားပါသည်။ စိုက်ပျိုးရာတွင် ပင်ကြား၊ တန်ကြား၌ ၃ပေခြား၍စိုက်မည်ဆိုပါက တစ်ဧကလျှင် အပင်(၄၀၀၀)ကျော်စိုက်ပျိုးနိုင်၍ တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်းအနေဖြင့် (၆၀၀-၇၀၀)ပိဿာထွက်ရှိကြောင်းသိရပါသည်။

  ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလ တတိယပတ်တွင် ဝါပေါက်ဈေးမှာ တစ်ပိဿာလျှင် (၂၆၀၀-၃၁၀၀)ကျပ်အထိဖြင့် အရောင်းအဝယ်ဖြစ်နေ၍ ဝါပိဿာ(၇၀၀)ကို ရွာအထိုင်ဈေး ၂၈၀၀ကျပ်ဖြင့် တွက်ချက်မည်ဆိုပါက ၁၉၆၀၀၀၀ကျပ်ရရှိမည်ဖြစ်ပါသည်။ တစ်ဧကကုန်ကျစရိတ်မှာ မြေပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ ပေါင်းမြတ်ရှင်းခြင်း၊ သွင်းအားစုထည့်သွင်းခြင်းနှင့် ခူးဆွတ်ခြင်းလုပ်ငန်းများဆောင်ရွက်မှုအတွက် ဝါတစ်ဧကလျှင် ပျမ်းမျှကုန်ကျစရိတ် (၁၃)သိန်း၊ (၁၄)သိန်းဝန်းခန့်သာကုန်ကျသည့်အတွက် တစ်ဧကလျှင် အကျိုးအမြတ်တွက်ချက်မည်ဆိုပါက (၅)သိန်း (၆)သိန်းရရှိနိုင်၍ ဝါစိုက်ပျိုးထုတ်လုပ်သူတောင်သူဦးကြီးများလက်ဖျား၌ာ ငွေသီး၍ စားဝတ်နေရေးအဆင်ပြေချောမွေ့နိုင်မည်ာဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)