Main menu

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည့်စုံဈေးအတွင်းရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

ရန်ကုန် မြို့၊ ဇန်နဝါရီလ ( ၁၉ ) ရက်

          ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ကုသရေးဆေးဝါးများအား စားသုံးသူပြည်သူများအနေဖြင့် ဈေးနှုန်းမှန်ကန်စွာဖြင့် လွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အရှေ့ပိုင်းခရိုင်အတွင်းရှိ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ရွှေပြည့်စုံဈေးမှ လက်လီ/ လက်ကားရောင်းချနေသော ဆေးဆိုင်များသို့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ ပထမပတ် တနင်္လာနေ့နှင့် ဒုတိယပတ် တနင်္လာနေ့တို့တွင် သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ရွှေပြည့်စုံဈေးမှ ဈေးအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဈေးအတွင်းရောင်းချလျက်ရှိသော ဆေးဆိုင်များတွင် လက်လီ/ လက်ကားရောင်းချနေသော ဆေးဝါး(၃၉)မျိုး၊ ကိုဗစ်ကာကွယ်ကုသဆေး (၃၄)မျိုးတို့၏ ဈေးနှုန်းများနှင့် လွယ်ကူစွာ ရောင်းချ ပေးနိုင်ခြင်း/ ဝယ်ယူနိုင်ခြင်း ရှိ/မရှိ တို့ကို စစ်ဆေးရာတွင် ဇန်နဝါရီလ ပထမပတ်နှင့် ဒုတိယပတ် တို့မှာ ဈေးနှုန်းသိသာစွာ ပြောင်းလဲသွားခြင်းမရှိဘဲ ဈေးနှုန်းတည်ငြိမ်မှန်ကန်စွာ အလွယ်တကူ ဝယ်ယူရရှိနေပြီဖြစ်ကြောင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ရန်ကုန်တိုင်းဒေသကြီး)