Main menu

ပြည်ဈေးကွက်တွင် မြေပဲဆန်ဈေးများအနည်းငယ်ကျဆင်းလာ၍ အရောင်းအဝယ်ပုံမှန်ဖြစ်နေ

Powered by Drupal

    ပြည်ခရိုင်တွင် မိုးမြေပဲနှင့် ဆောင်းမြေပဲဟူ၍ (၂)မျိုးရှိပြီး မိုးမြေပဲကို ဦးစားပေး၍စိုက်ပျိုးကြပါသည်။ ပြည်ခရိုင်တွင် မြေပဲအများဆုံးစိုက်ပျိုးသောမြို့မှာ ပေါက်ခေါင်းမြို့ဖြစ်ပြီး ဒုတိယမှာ ပန်းတောင်းမြို့တို့တွင်စိုက်ပျိုးကြောင်းသိရပါသည်။ ရွှေတောင်မြို့၊ ကျွန်းများရှိ မြစ်ရေများကျဆင်းချိန်၌ သဲသောင်ခုံများပေါ်တွင် စိုက်ပျိုးကြသဖြင့် မိုးမြေပဲအချိန်မဟုတ်သော၊ ဆောင်းမြေပဲအချိန်မဟုတ်သော စကမြေပဲများကိုစိုက်ပျိုးကြပါသည်။ စကမြေပဲမှာ ဆောင်းမြေပဲများမပေါ်မီအချိန်တွင် ထွက်ပေါ်လာပြီး အထွက်နှုန်းအနေဖြင့် အနည်းငယ်သာထွက်သဖြင့် ဈေးကွက်သို့ အနည်းငယ်သာတင်ပို့ရောင်းချကြောင်းသိရပါသည်။ ယခုအချိန်တွင် ဆောင်းမြေပဲများစိုက်ပျိုးနေချိန်ဖြစ်ပြီး စိုက်ဧကမှာ(၁၈၀၀၀) ဧကနီးပါးစိုက်ပျိုးထားရှိကြောင်းသိရပါသည်။ ဆောင်းမြေပဲများစိုက်ပျိုးချိန်ဖြစ်၍ ပြည်မြို့ရှိပွဲရုံများနှင့် ဈေးကွက်များသို့ ဧရာဝတီမြစ်အနောက်ဖက်ကမ်းရှိ ပန်းတောင်း၊ ဥသျှစ်ပင်၊ ကံမဘက်မှ မြေပဲဆန်အိတ် (၂၀)ပိဿာဝင်အိတ်(၁၀၀)ခန့်ဝင်ရောက်လျက်ရှိပြီး ဝင်သလောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြေပဲဆံဈေးနှုန်းများအနေဖြင့် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ဆီဆန်(အဖြူ)တစ်ပိဿာလျှင် (၅၂၀၀)ကျပ်၊ (အနီ)တစ်ပိဿာလျှင် (၅၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိ၍ ယခင်အပတ်အတိုင်း ဈေးတည်ငြိမ်နေပါသည်။ မြေပဲလုံးဆံဈေးနှုန်းမှာ (အဖြူ) တစ်ပိဿာလျှင် ၅၆၀၀ကျပ်၊ (အနီ)တစ်ပိဿာလျှင် ၅၄၀၀ကျပ်ဖြင့် ယခင်အပတ်ထက် ဈေးနှုန်းအနည်းငယ်ကျဆင်းလာပြီး တစ်ပိဿာလျှင် (၂၀၀/၃၀၀) ကျပ်ခန့်ဈေးနှုန်းကျဆင်းလာခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှုမှာ လည်း နေ့စဉ်အရောင်းအဝယ်ဖြစ်ပြီး (၂၀)ပိဿာဝင်အိတ်(၂၀၀)အိတ်ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)