Main menu

"နှမ်း(ဆောင်း)သီးနှံများစိုက်ပျိုးလျက်ရှိ"

Powered by Drupal

         မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင်သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ နှမ်း(ဆောင်း)သီးနှံကိုလည်း စိုက်ပျိုးလျက်ရှိပါသည် ။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နှမ်း(ဆောင်း)စိုက်ဧက(၄၇၈၈)ဧက စိုက်ပျိုးထားရှိပြီး ကျောက်ဆည်မြို့နယ်တွင်(၄၅၄)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၉၆၃)ဧက၊ မြစ်သား မြို့နယ်တွင်(၃၃၇၁)ဧက စိုက်ပျိုးထားရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ၏စာရင်းများအရသိရှိရပါသည်။ အများဆုံးစိုက်ပျိုးသောရွာများမှာ မြစ်သားမြို့နယ်တွင် သပြေသာရွာ၊တမာပင်ရွာနှင့်ဟင်းလျှာကန်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ နှမ်း(ဆောင်း) များကို အောက်တိုဘာ ၊ နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလ များတွင် ထွက်ရှိမှာဖြစ်ကြောင်း ၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်(၂၆၀၀၀၀/-) ကျပ် ခန့်ကုန်ကြကြောင်း၊ ဆောင်းနှမ်းပေါ်ချိန်အထွက်နှုန်းအနေဖြင့် (၁၀-၁၁) တင်းအထိထွက်ရှိကြောင်း ၊ မျိုးအနေဖြင့် နှမ်းညို နှင့် နှမ်းနက်မျိုးများကိုသာစိုက်ပျိုးကြပါသည် ။ ယခုလက်ရှိ နှမ်းပေါက်စျေးအနေဖြင့် နှမ်းဖြူတစ်တင်းလျှင် (၈၃၀၀၀/-)ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၆၅၀၀၀/-)ကျပ်၊နှမ်းနက်ရိုးရိုးတစ်တင်းလျှင်(၆၆၀၀၀/-) ကျပ်နှင့် နှမ်းဆီ(၁)ပိဿာလျှင်(၁၄၀၀၀/-) ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)