Main menu

မကွေးမြို့၊ ကန်သာစျေး၌ အရောင်းအဝယ်ဖြစ်ပေါ်နေသော ကုန်စျေးနှုန်းအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ကန်သာစျေး၌ ရောင်းချလျက်ရှိသော ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ အာလူး၊ မုန်လာဥနီ၊ မုန်ညှင်းသီးနှံတို့မှာ ရှမ်းပြည်နယ်(အောင်ပန်းမြို့)မှ ဝင်ရောက်လျက်ရှိပြီး ရုံးပတီသီး၊ ပဲသီး၊ သံပုရာသီး၊ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်တို့မှာ မကွေးမြို့နယ်၊ ချောင်းဖြူကျေးရွာ၊ မြင်းကင်းကျေးရွာ၊ မကြီးကန် ကျေးရွာများမှ ဖြစ်ကြောင်း သိရှိရပါသည်။

     ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ကန်သာဈေး၌ ရောင်းချနေသောဈေးနှုန်းများမှာ ခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ်(၁၄၀၀)၊ ဂေါ်ဖီထုပ် (၁)ထုပ်လျှင် ကျပ်(၁၃၀၀)၊ အာလူး(၁) ပိဿာလျှင် ကျပ်(၃၅၀၀)၊ မုန်ညှင်း (၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ဆလပ်ရွက် (၁)စည်းလျှင် ကျပ်(၄၀၀-၇၀၀)အတွင်း၊ ရုံးပတီသီး (၁)ထောင့်လျှင် ကျပ်(၂၀မှ ၃၀)အတွင်း၊ ကန်စွန်းရွက် (၁)စည်းလျှင် ကျပ်(၁၀၀-၂၀၀)အတွင်း၊ ချဉ်‌ပေါင်ရွက် (၁)စည်းလျှင် ကျပ်(၅၀မှ ၁၀၀)အတွင်း၊ ခရမ်းသီး (ရှည်) (၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ သံပုရာသီး (၁)လုံးလျှင် ကျပ်(၂၀၀-၃၀၀)အတွင်း၊ ပဲသီး (၁)ပိဿာလျှင် ကျပ်(၂၀၀၀-၃၀၀၀)အတွင်း၊  မျှစ် (၁)ပိဿာလျှင် ကျပ်(၂၈၀၀)၊ ငရုတ်သီးစိမ်း (တောင်ပေါ်၁၁) (၁)ပိဿာလျှင် ကျပ်(၃၃၀၀) ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)