Main menu

မကွေးပွဲရုံနှင့် ရေနံချောင်းပွဲရုံ ကြက်သွန်နီအရောင်းအဝယ်ဖြစ်မှု အခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်အတွင်း စားဖိုဆောင်သုံးသီးနှံတစ်မျိုး ဖြစ်သည့် ကြက်သွန်နီဈေးနှုန်းများ တည်ငြိမ်လျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (တတိယပတ်)တွင် ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၂၅၀၀-၂၈၀၀-၃၀၀၀)ဖြစ်ပြီး ယခင်အပတ်အတိုင်း ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း သိရပါသည်။ ကြက်သွန်နီများကို ရေနံချောင်း၊ ပခုက္ကူ၊ မြစ်သားမြို့တို့မှ ဝယ်ယူပြီး ယခုအခါတွင်  ဈေးကွက်အတွင်းသို့ ကြက်သွန်နီအသစ်များလည်း ဝင်ရောက်နေပြီဖြစ်ကြောင်း၊ မင်းဘူး၊ မင်းလှ၊ သရက်၊ ကံမ၊ နတ်မောက်၊ ငဖဲမြို့များရှိ ပွဲရုံများမှ ပြန်လည်ဝယ်ယူကြပြီး တစ်နေ့လျှင် ပိဿာချိန်(၁၀၀၀)ခန့်၊ တစ်ပတ်လျှင် တန်ချိန် (၈)တန်ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ပွဲရုံများမှ သိရပါသည်။

   ရေနံချောင်းဈေးကွက်တွင်လည်း ဒေသထွက်ကုန်ဖြစ်သော ကြက်သွန်နီဈေးနှုန်းများမှာ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၂၀၀၀-၃၀၀၀-၃၃၀၀)ဖြစ်ပြီး (တတိယပတ်)တွင် ကျပ်(၁၇၀၀-၂၅၀၀-၃၀၀၀)ဖြစ်၍ ကျပ်(၃၀၀-၅၀၀-၃၀၀)ဈေးနှုန်း အနည်းငယ်ကျဆင်းလာကြောင်း၊ ကြက်သွန်နီများကို ပွဲရုံများမှတဆင့် ရန်ကုန်၊ ပြည်၊ အောင်လံသို့ တင်ပို့ကြပြီး တစ်နေ့လျှင် ပိဿာချိန် (၅၀၀၀)ခန့်၊ တစ်ပတ်လျှင် တန်ချိန်(၄.၉၈)တန်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွဲရုံများမှ သိရှိရပါသည်။

DOCA(မကွေး)