Main menu

ပြည်ပတင်ပို့ရန် အစေ့မဲ့ဖရဲသီးများစိုက်ပျိုးလျက်ရှိ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ လဲလူကျေးရွာအုပ်စု၊ လဲလူကျေးရွာတွင် ဂုဏ်မြင့်သူကုမ္ပဏီမှ ပြည်ပတင်ပို့ရန် အစေ့မဲ့ဖရဲမျိုးများအား ဧက (၃၀) အထက် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

   ထိုသို့ စိုက်ပျိုးရာတွင် ဦးဇော်မိုးမှ စိုက်ခင်းတာဝန်ခံအဖြစ်တာဝန်ယူပြီး လုပ်သားပေါင်း ၄၈ဦးဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်သားတစ်ဦး လုပ်အားခအနေဖြင့် တစ်နေ့လျှင် ကျပ်(၆၀၀၀)ဖြင့် အညွန့်ဖြတ်ခြင်း၊ အသီးဖဲ့ခြင်း၊ ရေလောင်းခြင်း၊ ဆေးဖျန်းခြင်းနှင့် မြေဩဇာကျွေးခြင်း အစရှိသည့် လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဖရဲပင်များကို (၃.၉.၂၀၂၃)ရက်နေ့တွင် စတင်စိုက်ပျိုးပြီး (၆)လအကြာစိုက်ပျိုးရပြီး ရင့်လာသောဖရဲသီးများကို မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှတဆင့် တရုတ်ပြည်သို့ တိုက်ရိုက်ရောင်းချသွားမည်ဖြစ်ပါကြောင်း စိုက်ခင်းတာဝန်ခံ၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မကွေး)