Main menu

ပြည်ဒေသထွက် ပန်းဂေါ်ဖီဈေးကွက်

Powered by Drupal

    ပြည်မြို့ပေါ်မြို့မဈေးကြီးနှင့် ရပ်ကွက်ဈေးများသို့ ပြည်ခရိုင်အတွင်း ပုတီးကုန်း၊ သဲကုန်း၊ အင်းမနယ်ဘက်များမှ ဝင်ရောက်မှုရှိပြီး ဒေသထွက်ပန်းဂေါ်ဖီကို ဗမာပန်းပွင့်၊ ခြံပန်းပွင့် စသည်ဖြင့် ခေါ်ဝေါ်ရောင်းချကြောင်းသိရပါသည်။ ခြင်းများဖြင့်ဝင်ရောက်မှုရှိပြီး တစ်ခြင်းလျှင် အပွင့်(၂၀-၂၅)ခန့်ကို အပွင့်အချော၊ အညှက်ပေါ်မူတည်ကာ ပါဝင်သည့်အတွက် တစ်ပတ်လျှင် ရက်ခြား (၄)ခြင်း (၅)ခြင်းခန့်ဝင်ရောက်မှုရှိကြောင်းသိရပါသည်။ ဒေသထွက်ဗမာပန်းဂေါ်ဖီမှာ ရှမ်းပြည်မှလာသော ပန်းဂေါ်ဖီနှင့်မတူဘဲ အရိုးတံရှည်ကာ ပိုမိုနူးညံ့မှုရှိကြောင်းသိရပါသည်။ ပန်းဂေါ်ဖီမှာ အမျှင်ဓာတ်ကြွယ်ဝသဖြင့် အစာအိမ်အူလမ်းကြောင်းရောင်ရမ်းမှုကိုကျဆင်းစေခြင်း ဗီတာမင်စီဓာတ်လည်းကြွယ်ဝသဖြင့် ကိုယ်ခံအားကိုတိုးတက်စေခြင်း၊ ကယ်လိုရီပါဝင်မှုလည်းနည်းသဖြင့် ကိုယ်အလေးချိန်လျှော့ချမှုကို အထောက်အကူပြုခြင်း စသည့်အကျိုးကျေးဇူးများကိုရရှိမည်ဖြစ်ပါသည်။ ဈေးနှုန်းအနေဖြင့် ဒေသထွက်ဗမာပန်းပွင့်မှာ တစ်ပွင့်လျှင် ကျပ်(၁၀၀၀-၁၂၀၀) နှုန်းရှိပြီး ရှမ်းပွင့်မှာ ကျပ် (၁၈၀၀-၂၀၀၀)ခန့်ရှိကာ ရှမ်းပန်းဂေါ်ဖီမှာ (၅)ရက်ခြားတစ်ခါသာ ပြည်ဈေးကွက်သို့အဝင်ရှိ၍ တစ်ခါဝင်လျှင် အပွင့် (၁၅၀/၂၀၀) ခန့်အဝင်ရှိကြောင်းလည်းသိရပါသည်။

DOCA(ပဲခူး)