Main menu

ပြည်ကိုင်းခရမ်းချဉ်သီးဈေးကွက်

Powered by Drupal

    ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ပြည်ဈေးကွက်သို့ ပြည်ဒေသအနီးတဝိုက်မှစိုက်ပျိုးထွက်ရှိသော ကိုင်းခရမ်းချဉ်သီးများ ပြည်မြို့ပေါ်ရပ်ကွက်ရှိ လက်လီဈေးအသေးများနှင့် မြို့မဈေးကြီးသို့ ဝင်ရောက်မှုရှိလာပါသည်။ အဓိကအားဖြင့် ပြည်မြို့အနောက်ဘက်ကမ်းရှိ ညောင်ပင်သာရွာနှင့် မကျီးစုရွာတို့မှ အဓိကဝင်ရောက်မှုရှိကြောင်းသိရပြီး တစ်ပတ်လျှင် တစ်ရက်ခြားသာအဝင်ရှိပါသည်။ ပိဿာချိန်အားဖြင့် တစ်ခါဝင်လျှင် အချိန် (၂၀/၃၀) ခန့်ဝင်ရောက်မှုရှိပြီး တစ်ပတ်ကို အချိန်၁၀၀ခန့်အဝင်ရှိကြောင်းသိရပါသည်။ စားသုံးသူများမှ ရှမ်းပြည်မှလာသော ခရမ်းချဉ်သီးထက် ဒေသထွက်ကိုင်းခရမ်းချဉ်သီးမှာ အချဉ်ဓာတ်ပိုသည့်အတွက် ငါးပိချက်၊ ခရမ်းချဉ်သီးဖုတ်ထောင်း၊ ခရမ်းချဉ်သီးအသုပ်များကို ပိုမိုချက်ပြုတ်စားသောက်သည့်အတွက် အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ကြောင်းလည်းသိရပါသည်။ ဈေးနှုန်းမှာ ကိုင်းခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်၄၀၀၀နှုန်းရှိပြီး ရှမ်းခရမ်းချဉ်တစ်ပိဿာလျှင်ာ ကျပ်၂၀၀၀နှုန်းသာရှိသော်လည်း စားသုံးသူများမှာ ကိုင်းခရမ်းချဉ်သီးများကို ပိမိုစားသုံးကြသောကြောင့် ယခုကာလတွင် ကိုင်းခရမ်းချဉ်သီးများအရောင်းသွက်နေကြောင်းသိရပါသည်။

DOCA(ပဲခူး)