Main menu

ဧရာဝတီတိုင်းဒေသကြီးမြောင်းမြခရိုင် ၊ ဝါးခယ်မမြို့နယ်၊ မြို့မဈေးတာဝန်ခံရုံး၌ စားသုံးဆီလုပ်ငန်းရှင်အား အသိပညာပေးဟောပြော

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့မဈေးတာဝန်ခံရုံး၌ (၁၇.၁.၂၀၂၂)ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ စားသုံးဆီလုပ်ငန်းရှင် များအား စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့်  စားသုံးသူကာကွယ် ရေးဥပဒေပါအချက်များအား အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးပွွဲသို့ စားသုံးဆီလုပ်ငန်းရှင်(၁၁)ဦးတက်ရောက်ပြီး၊ မြို့နယ် တာဝန်ခံမှ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်သည့် အမိန့်ကြော် ငြာစာ (၅၂၄/၂၀၂၁)ပါအချက်များဖြစ်သော အမှတ်တံဆိပ်ပါ ဘူးသွင်းသောက်ရေသန့်နှင့် အမှတ် တံဆိပ်ပါ စားအုန်းဆီတို့အာ ထိန်းချုပ်အစားအသောက်အဖြစ်သတ်မှတ်လိုက်ကြောင်း၊ စီးပွားရေး  လုပ်ငန်းရှင်များအနေဖြင့် FDA ထောက်ခံချက်လိုင်စင်ရှိမှသာ ရောင်းချခွင့်ရှိကြောင်း၊ ဟင်းသီး ဟင်းရွက်ဆီ Vegetable Oil, Cooking Oil နှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်ညွှန်ကြားချက်ကို (၂၀.၁၂.၂၀၂၁)ရက်နေ့ ညွှန်ကြားချက် (၁/၂၀၂၁)ဖြင့် ထုတ်ပြန်ခဲ့ပြီး၊ ကုန်အညွှန်းဖော်ပြရာတွင် ကုန်စည်၏အမျိုးအမည်ကို မြန်မာဘာ သာဖြင့်ဖော်ပြရန်၊ ကုန်စည်၏အသားတင်ပမာဏနှင့်အရွယ်အစားတို့အား ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့်ဖော်ပြရန်နှင့် (၆)လပြည့်မြောက်မည့် (၂၁.၆.၂၀၂၂)ရက်နေ့နောက်ပိုင်းအာဏာ သက်ရောက်မည်ဖြစ်၍ လိုက်နာဆောင်ရွက်မှုမရှိသော လုပ်ငန်းရှင်များအားဥပဒေနှင့်အညီ အရေး ယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ  စီးပွားရေးလုပ်ငန်းရှင်၏  တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် လိုက်နာဆောင် ရွက်ရမည့်အချက်များကို  ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)