Main menu

မင်္ဂလာတောင်ညွန့်မြို့နယ် ကြက်ဘဲဈေးရှိ ဈေးနှုန်းများ

Powered by Drupal

     မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကြက်/ဘဲဈေးတွင်ရောင်းချနေသော ကြက်/ဘဲများမှာ ပဲခူးတိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် များမှ ခြံဖမ်းဈေးစနစ်ဖြင့်လည်ကောင်း၊  အရောက်ပို့စနစ်ဖြင့်လည်ကောင်း အသီးသီး ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ ကြက်/ဘဲဈေးတွင် ဒီဇင်ဘာလ၊ တတိယပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဈေးနှုန်းများမှာ ကြက်အရှင်၊ အိမ်မွေးကြက် ၁ ပိဿာလျှင် ကျပ် (၁၃၀၀၀/၁၄၀၀၀)၊ အသားတိုးကြက် ၁ပိဿာလျှင် ကျပ် (၅၅၀၀/၅၆၀၀)၊ မွေးမြူရေးကြက် (ထီး/မ) ၁ ပိဿာလျှင် ကျပ် (၅၅၀၀/၈၂၀၀)၊ ဘဲအရှင် ၁ ပိဿာလျှင် ကျပ် (၉၅၀၀/၁၀၀၀)၊ ချယ်ရီဘယ်ရီဘဲ ၁ ပိဿာလျှင် (၅၅၀၀/၆၀၀၀) ကျပ်တို့ဖြင့် ကုန်အဝင် ပိဿာချိန် (၈၆၈၀၀) ရှိပြီး အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)