Main menu

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် ဒီဇင်ဘာလ ( ၁၃ ) ရက်နေ့မှ ဒီဇင်ဘာလ (၁၉) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ကျုံပျော်မှ သင်္ဘောသီး အလုံးကြီး ကျပ် ၃၅၀၀ ၊ အလုံးသေး ကျပ် ၁၀၀၀၊ ကလောမှ ပန်းသီး စက္ကူပုံးတစ်ပုံး အလုံးကြီး ကျပ် ၃၅၀၀၀၊ ဝမ်းတွင်း မှ ဖရဲသီး (855) အလုံးကြီး ကျပ် ၆၀၀၀ ၊ အလုံးလတ် ကျပ် ၅၀၀၀၊ အလုံးသေး ကျပ် ၄၀၀၀၊ ဝမ်းတွင်းမှ ဖရဲသီး (211) အလုံးကြီး ကျပ် ၄၀၀၀၊ အလုံးလတ် ကျပ် ၃၅၀၀၊ အလုံးသေး ကျပ် ၃၀၀၀၊ မော်လမြိုင်မှ ကျွဲကောသီး အလုံးကြီး ကျပ် ၂၀၀၀၊ အလုံးလတ် ကျပ် ၁၀၀၀ ၊ အလုံးသေး ကျပ် ၅၀၀ ၊ တိုက်ကြီးမှ မာလကာသီး အလုံးကြီး ကျပ် ၈၀၀၊ အလုံးလတ် ကျပ် ၇၀၀၊ အလုံးသေး ကျပ် ၅၀၀ ၊ ကျောက်ဆည်၊ ပြည်မှ ရွှေငှက်ပျောသီး တစ်ဖီး အလုံးကြီး ကျပ် ၆၀၀၀၊ အလုံးသေး ကျပ် ၃၅၀၀၊ တောင်ငူ၊ ကျောက်ဆည်မှ တောင်ငူငှက်ပျောသီး တစ်ဖီး အလုံးကြီး ကျပ် ၆၅၀၀၊ အလုံးသေး ကျပ် ၃၅၀၀၊ ဘိုကလေး မှ ငှက်ပျောသီးဖီးကြမ်း အလုံးကြီး ကျပ် ၂၅၀၀၊ အလုံးသေး ကျပ် ၁၅၀၀၊ အောင်ပန်းမှ ထောပတ်သီး တစ်သေတ္တာ အလုံး ၃၀ လုံးပါ အလုံးကြီး ကျပ် ၂၀၀၀၀၊ တိုက်ကြီးမှ ပီလောပီနံ တစ်ပိဿာ အလုံးကြီး ကျပ် ၁၀၀၀ ၊ အောင်ပန်းမှ လိမ္မော်သီး တစ်ပိဿာ အလုံးကြီး ကျပ် ၃၀၀၀၊ ပြင်ဦးလွင်မှ ဘောက်သီး တစ်ပိဿာ အလုံးကြီး ကျပ် ၁၀၀၀၀၊ အလုံးလတ် ကျပ် ၆၀၀၀၊ ပြင်ဦးလွင်မှ နဂါးမောက်သီး တစ်ဖာ အလုံး ၃၀ လုံးပါ အလုံးကြီး ကျပ် ၃၅၀၀၀၊ အလုံးလတ် ကျပ် ၂၈၀၀၀၊ အလုံးသေး ကျပ် ၁၈၀၀၀၊ ပြင်ဦးလွင်မှ အာတာလွတ်ဥ တစ်ပိဿာ အလုံးကြီး ကျပ် ၂၅၀၀၊ အလုံးလတ် ကျပ် ၂၀၀၀၊ အလုံးသေး ကျပ် ၁၀၀၀၊ ဟင်္သာတမှ ထန်းမြစ် တစ်စည်း အစည်းကြီး ကျပ် ၂၅၀၀၊ ပြည်မှ ဇီးသီး (အချဉ်) တစ်ပြည် အလုံးကြီး ကျပ် ၂၀၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီး ဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) ထံမှ သိရှိရပါသည်။

DOCA(ရန်ကုန်)