မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(တတိယပတ်) တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော စားသုံးဆီဈေးနှုန်းများမှာ မြေပဲဆုံဆီ တစ်ပိဿာလျှင် ကျပ် (၁၃၅၀၀) မှ ကျပ် (၁၄၀၀၀)၊ စက်ပဲဆီသန့် တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀-၁၂၀၀၀)ဖြစ်ပြီး၊ ပဲရောဆီ တစ်ပိဿာကျပ်(၉၀၀၀)၊ နှမ်းဆီ တစ်ပိဿာကျပ်(၁၃၀၀၀)၊ စားအုန်းဆီ တစ်ပိဿာကျပ် (၅၃၀၀)၊ နေကြာဆီတစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
ယခင် ဒီဇင်ဘာလ(ဒုတိယပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ရမည်ဆိုလျှင် ယခု ဒီဇင်ဘာလ (တတိယပတ်)တွင် မြေပဲ၊ နှမ်း ဈေးနှုန်းအနည်းငယ်မြင့်တက်လာ၍ ပဲဆီ၊ နှမ်းဆီဈေးများမှာ အနည်းငယ်ဈေးမြင့်တက်ခဲ့ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
ပခုက္ကူမြို့ရှိ စားသုံးသူများသည် မြေပဲဆီကိုသာ အဓိကစားသုံးမှုများပြီး လုပ်ငန်းရှင်များမှ လည်း မြေပဲဆံ၊ မြေပဲဆီများ ထုတ်လုပ်ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး မြန်မာနိုင်ငံနေရာဒေသ အနှံ့အပြားသို့ မြေပဲဆီများ ထုတ်လုပ်တင်ပို့ ရောင်းချဖြန့်ဖြူးလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)