Main menu

သာယာဝတီခရိုင်၊ မြို့နယ်များရှိ မတ်ပဲဈေးနှုန်းနှင့်စီးထွက်မှုအခြေအနေ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် မတ်ပဲဈေးနှုန်းအခြေအနေမှာ  ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ   နောက်ဆုံးပတ်တွင် ပိဿာ၂၀ဝင်တစ်တင်းလျှင် ၉၂၃၀၀/ကျပ်ခန့်ရှိခဲ့ရာမှ ဒီဇင်ဘာလ ပထမပတ်၌ ပိဿာ၂၀ဝင်တစ်တင်းလျှင် ၉၅၅၀၀/ကျပ်ခန့်ထိမြင့်တက်သွားပြီး ယခုဒီဇင်ဘာလ တတိယပတ်တွင်မူ ပိဿာ၂၀ဝင်တစ်တင်းလျှင် ၉၄၀၀၀/ကျပ်ခန့်ထိ ပြန်လည်ကျဆင်းခဲ့သဖြင့် မတ်ပဲဈေးနှုန်းမှာ အတက်/အကျဖြစ်ပေါ်ပြီး ဈေးနှုန်းအပြောင်းအလဲဖြစ်ပေါ်လျက်ရှိပါ သည်။

       စီးထွက်မှုအနေဖြင့်  ရန်ကုန်ဘုရင့်နောင်ပွဲရုံများသို့ ဒီဇင်ဘာလ တတိယပတ်ထိ တင်ပို့မှုမှာ အိတ်လုံးရေပေါင်း (၈၅၂၀၀) ခန့်ထိတင်ပို့နိုင်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)