ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၌ (၂၁-၁၂-၂၀၂၃) ရက်နေ့ ၊ နေ့လယ် (၂း၀၀) နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုး မြို့နယ်တာဝန်ခံ ဦးချစ်ကိုကို၊ မြို့နယ်ဆီကုန်သည်အသင်းဥက္ကဋ္ဌ ဦးဇော်ထူးတို့သည် လက်ပံတန်းမြို့ပေါ်ရှိ စားသုံးဆီရောင်းချသောဆိုင်ပိုင်ရှင်များနှင့်တွေဆုံ၍ နိုင်ငံတော်မှ ပြည်သူများသက်သာသောဈေးနှုန်းနှင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် ခွဲဝေဖြန့်ဖြူးရောင်းချပေးသော စားသုံးဆီများအား ပြန်လည်ရောင်းချရာတွင် အရောအနှောမရှိဘဲ အရည်အသွေးကောင်းမွန်စေရေး၊ အချင်အတွယ်မှန်ကန်စေရေးနှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ဈေးမြှင့်တင်မရောင်းစေရေး ဆိုင်ရှင်များနှင့်တွေ့ဆုံရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)