Main menu

ဇီးကုန်းမြို့နယ်၌ ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ဈေးငြိမ်နေသည့်မတ်ပဲ

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံများတွင် မတ်ပဲများကို ဈေးအမြင့်ဖြင့် ဆက်လက်ရောင်းဝယ်လျက်ရှိကြောင်းသိရှိရပါသည်။ ၂၀၂၃ခုနစ်၊  နိုဝင်ဘာလ ဒုတိယပတ်တွင်ရောင်းဝယ်ခဲ့သော မတ်ပဲဈေးမှာ ပိဿာ (၂၀)ဝင်တစ်တင်းလျှင် ၉၁၀၀၀ကျပ်မှ ၉၁၅၀၀ကျပ်ဈေးနှုန်းဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပါသည် ။ ထိုလ၏ တတိယပတ်တွင်ရောင်းဝယ်ခဲ့သော ဈေးနှုန်းမှာ ၉၂၀၀၀ကျပ်မှ ၉၃၀၀၀ကျပ်ထိ ဈေးနှုန်းမြင့်တက်ခဲ့ပါသည်။ စတုတ္တပတ်တွင်မူ ဈေးနှုန်းများပြန်လည်ကျဆင်းလာခဲ့ပြီး ပိဿာ (၂၀) ဝင်တစ်တင်းလျှင် ၈၆၀၀၀ကျပ်မှ ၈၇၀၀၀ကျပ်အထိ ဈေးနှုန်းကျဆင်းလာခဲ့သည်ကိုတွေ့ရပါသည်။

    ထိုသို့ လကုန်ရက်တွင် ဈေးအကျဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယခုဒီဇင်ဘာလ ပထမပတ်တွင် မတ်ပဲဈေးနှုန်းများပြန်လည်မြင့်တက်လာခဲ့ပြီး ၉၁၀၀၀ကျပ်မှ ၉၂၀၀၀ကျပ်အထိဖြင့်      အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ဒုတိယပတ်တွင် ဈေးအတက်အကျမရှိဘဲ ဈေးငြိမ်နေခဲ့ပြီး ၉၁၀၀၀ကျပ်မှ ၉၂၀၀၀ကျပ်ဈေးနှုန်းတို့ဖြင့်သာ အရောင်းအဝယ်ရှိနေသည်ကို လေ့လာသိရှိရပါသည်။

     တင်ပို့ရောင်းချ‌မှုအနေဖြင့် တောင်သူများမှာ ပဲစိုက်ရာသီချိန်ဖြစ်သဖြင့် ချန်ထားခဲ့သောမျိုးပဲများအနက်   ပိုလျှံသောပဲများကိုသာ အရောင်းအဝယ်ရှိသောကြောင့်  အရောင်းအဝယ်အေးကာ ရန်ကုန်ဝယ်လက်သို့ ပုံမှန်တင်ပို့နိုင်ခြင်းမရှိဘဲ (၁၀) ရက် (သို့မဟုတ်) တစ်ပတ်ကြာမှသာ တစ်စီးတင်ပို့နိုင်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)