Main menu

တိုက်ကြီးမြို့နယ်ရှိ ကြက်မွေးမြူရေးလုပ်ငန်းအခြေအနေ

Powered by Drupal

    တိုက်ကြီးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကြပြီး ကြက်မွေးမြူရေးလုပ်ငန်းကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ကြပါသည်။ ထိုသို့ လုပ်ကိုင်ရာ၌ ခုနှစ်ကျိုက်အရှေ့ကျေးရွာတွင် ယခုလက်ရှိတွင် ဥစားကြက်အကောင်ရေ (၄၀၀၀)နှင့်အသားစားကြက်(၆၀၀၀) မွေးမြူလျက်ရှိပြီး ကြက်စာများကို မြန်မာစီပီကုမ္ပဏီမှ ဝယ်ယူကြောင်းသိရပါသည်။ ထိုသို့ဝယ်ယူရာတွင် အငယ်စားကြက်စာအိတ် ၆၁၀ SP ကို ၈၉၅၀၀ ကျပ်၊ အလတ်စားကြက်စာအိတ် ၆၁၀ SP ကို ၈၆၈၀၀ ကျပ်၊ အကြီးစားကြက်စာ ၆၁၁ SP အား ၈၃၄၀၀ ကျပ်နှင့် ဥစားကြက်ကိုလည်း ၆၂၄ တစ်အိတ်ကို ၆၉၅၀၀ ကျပ်တို့ဖြင့် ဝယ်ယူကျွေးမွေးရပါသည်။ မွေးမြူထားသောကြက်များ ကျန်းမာစေရန်အတွက် အားဆေး၊ ကုသဆေး၊ ကာကွယ်ဆေးများကိုလည်း ရက်သတ္တပတ်အလိုက် ကျွေးမွေးရပါသည်။

    ဥစားကြက်မှရရှိလာသော ကြက်ဥများကို တိုက်ကြီးမြို့နယ်အတွင်း ချိုသာသော ဈေးနှုန်းဖြင့် သုံးစွဲနိုင်ရန် အသေး၊ အလတ်၊ အကြီး အရွယ်အစားလိုက် ၂၀၀ မှ ၂၅၀ ကျပ်ထိ ရောင်းချပေးလျက်ရှိပြီး အသားစားကြက်ကို တိုက်ကြီးမြို့နယ်အတွင်းသာမကပဲ မင်္ဂလာ တောင်ညွန့်မြို့နယ် ကြက်/ဘဲ ဈေးသို့လည်း ရောင်းချပေးလျက်ရှိပါသည်။

DOCA(ရန်ကုန်)