Main menu

ဇီးကုန်းမြိုနယ်အတွင်း ကြက်သွန်နီအသစ်များဝင်ရောက်မှုနှင့် ဈေးကွက်အခြေအနေ

Powered by Drupal

     နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်မှစတင်ကာ ကြက်သွန်နီအဟောင်းများ လက်ကျန်နည်းလာပြီး အသစ်များစတင်ဝင်ရောက်လျက်ရှိရာ ယခင်ကြက်သွန်နီ အဟောင်းတစ်ပိဿာလျှင် လက်လီ (၄၂၀၀-၄၈၀၀) ကျပ်ဈေးနှုန်းရှိခဲ့ရာမှ ယခုကြက်သွန်နီအသစ်များ  စတင်ဝင်ရောက်ချိန်တွင် ကြက်သွန်နီအသစ်တစ်ပိဿာလျှင် လက်လီ (၃၅၀၀-၄၀၀၀)ကျပ်သာရှိကြောင်းသိရပါသည်။

      ဇီးကုန်းမြို့နယ်အတွင်း ဈေးကွက်ဝင်ရောက်မှုအနေဖြင့် ပြည်မြို့နယ်မှဝင်ရောက်မှုရှိပြီး သယ်ယူစရိတ်နှင့် ကုန်တင်ကုန်ချခအနေဖြင့် ပြည်မြို့နယ်မှ ဇီးကုန်းမြို့နယ်၊ ဈေးကွက်အရောက် ကြက်သွန်နီ (၂၅)ပိဿာဝင်တစ်အိတ်လျှင် (၁၄၅၀)ကျပ်ခန့်ရှိကြောင်း၊ တင်သွင်း/ ဖြန့်ဖြူးမှုအနေဖြင့်  တစ်လလျှင် ပိဿာချိန် (၉၀၀၀)ခန့်တင်သွင်းဖြန့်ဖြူးမှုရှိကြောင်း မြို့နယ်တွင်း လက်လီ/  လက်ကားရောင်းချသူများထံမှသိရပါသည်။

DOCA(ပဲခူး)